ကိုယ်ဝန်ဆောင်ချိန်မှာ အစာပြွန်နဲ့ အစာအိမ် ဆက်တဲ့နေရာကလည်း မလုံတော့ပါဘူး။ မြိုချပြီး အစာအိမ်ထဲ ရောက်နေပြီးသား အစာများနဲ့အစာချေရည်တေွဟာ အစာပြွန်ထဲတက်လာနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်း တစ်လေှျာက် လှုပ်ရှားမှုတေွ နေှးကေွးလာပါတယ်။ လရင့်လာတဲ့အခါ ကလေးနဲ့သားအိမ်နဲ့က အစာအိမ်ကို ဖိထားပြန်တယ်။ အစာအိမ်က ကိုယ်ဝန်မရှိတဲ့ အချိန်ကလောက် မဆန့်တော့ဘူး။ အဲဒီသဘာဝလေးကို နားလည်ထားပြီး အစာများများဝင်အောင် တစ်ခါစားရင် နညး်နည်း နည်းနည်းနဲ့ ခဏခဏ စားရပါလိမ့်မယ်။ စားပြီးပြီးချင်း ချက်ချင်းလှဲအိပ်တာမျိုးလည်း ရေှာင်ရပါမယ်။
Ref: မေ့ရင်သေွး