မိခင်ကလေးကျန်းမာရေးအတွက် ကိုယ်ဝန်တိုင်းကို ဂရုတစိုက် စောင့်ရှောက်ခံဖို့လိုပါတယ်။
ပုံမှန် စောင့်ရှောက်မှုတွေအပြင် ကိုယ်ဝန်ကာလ၊ မွေးဖွားစဉ်ကာလနဲ့ မီးတွင်းကာလတွေမှာ အထူး ဂရုစိုက် သတိထားရမဲ့ အချက်အလက်များရှိ၊ မရှိကို ရာဇဝင်များမေးခြင်း၊ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ရှာဖွေထားဖို့လိုပါတယ်။
“အထူးဂရုစိုက် သတိထားရမဲ့ မိခင်ထဲမှာ မိမိပါနေသလား”- သိထားဖို့လိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူက မိမိသည် အထူးဂရုစိုက်ရမည့်သူများအုပ်စုတွင်ပါ၊ မပါ စီစစ်ပေးပြီး ကိုယ်ဝန်ဆောင်မိခင် တစ်ဦးချင်းအလိုက် လိုအပ်သော စောင့်ရှောက်မှုများ ပေးနိုင်ရန် စီမံချက် (Individualized care plan) ရှိရမည်ဖြစ်ပါသည်။