
ပိန္နဲသီးဆိုတာနဲ့ အရမ်းကြိုက်တဲ့သူတေွ ရှိလား။ အသီးတင်မကဘူး၊ အသီးခြောက်တေွကိုပါ နိုင်ငံခြားက တကူးတက မှာယူစားကြတဲ့သူတေွလည်း ရှိပါတယ်။ ကိုယ်တေွအိမ်မှာတော့ ပိန္နဲသီး ခွဲပြီဆို စားပြီးတဲ့ အစေ့တေွကို အမေက အကုန်ပြန်သိမ်းတော့တာပါပဲ။ ဒါအပြင် ပိန္နဲသီးစေ့ကို ဆေးကြော၊ ပြန်ပြုတ်ပြီးတော့ ပုဇွန်ခြောက် ငံပြာရည်ချက်လေးနဲ့ စားရတာက ထမင်းမြိန်စေတဲ့ အတွဲအဖက်ပါ။ ပိန္နဲစေ့ပြုတ်ကို ဒီတိုင်း အခွံလေးခွာစားတာကလည်း သရေစာ တစ်မျိုးပါပဲ။ ငယ်ငယ်တည်းက လူကြီးတေွစားသလို လိုက်စားခဲ့တယ်၊ စားလို့ကောင်းလို့ ကြိုက်တယ် ဒီလောက်ပဲလေ။ ဒါပေမယ့် ဒီလောက် ကျန်းမာရေး အကျိုးကျေးဇူးတေွ ရှိနေလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိတာပါ။ ဒါဆို ပိန္နဲစေ့ကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတေွ ရနိုင်လဲ

၁။ သေွးအားလည်း ကောင်းစေတယ်
------------------------------------------------
ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ သံဓာတ်ပါဝင်မှု များပါတယ်။ သံဓာတ်ပမာဏ အလုံအလောက်ရရှိနိုင်ရင် သေွးအားနည်းရောဂါကို ကုသနိုင်ပြီးတော့ သေွးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာအတော်များများကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါအပြင် သံဓာတ်က သေွးနီဥဆဲလ်တေွ ထုတ်လုပ်မှုကို တိုးမြင့်စေလို့ ကိုယ်ခံအားကို လည်း တတ်စေပါတယ်။

၂။ အစာခြေစနစ်ကို ကျန်းမာစေတယ်
-------------------------------------------
တိုင်းရင်းဆေးပညာတေွအရဆိုရင် ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ် ပြဿနာတေွကို ကုသဖို့အတွက် ပိန္နဲစေ့ကို ကြိတ်ထားတဲ့ အမှုန့်ကို သုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါအပြင် ပိန္နဲစေ့မှာ အစာခြေစနစ် ကျန်းမာရေးအတွက် သိပ်ကို အကျိုးပြုတဲ့ အမှျင်ဓာတ်တေွ ကြွယ်ဝနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလေှျာတဲ့အခါလည်း သူ့ကို သုံးလို့ရတယ်လို့ ဆိုထားကြပါတယ်။ ပမာဏ အများကြီး မဟုတ်ဘဲ တော်သင့်သလောက ်စားတာက ကောင်းကောင်း ဆေးဖက်ဝင်နိုင်ပါတယ်။

၃။ မျက်စိအားကောင်းစေတယ်
-----------------------------------
ပိန္နဲစေ့မှာ အမြင်အာရုံအတွက် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ ဒါအပြင် မျက်စိကို အားကောင်းစေတဲ့ ပိန္နဲစေ့က မျက်စိအတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ သေွးခဲပိတ်ဆို့မှု အန္တရာယ်လျော့နည်းစေတယ်
------------------------------------------------------
သုတေသန ထပ်လုပ်ဆောင်ဖို့အတွက် လိုသေးတယ်ဆိုပေမယ့် ပိန္နဲစေ့မှာ ပါတဲ့ မဂ္ဂနိစ်က သေွးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရှိရပါတယ်။

၅။ ကြွက်သားဖြစ်ပေါ်မှုကိုလည်း အားပေးတယ်
------------------------------------------------------
ပိန္နဲစေ့မှာ ပါဝင်တဲ့ ပရိုတင်းတေွက ကြွက်သားဖြစ်ပေါ်မှုမှာ အထောက်အကူ ပေးပါတယ်။ အများကြီးမစားဖြစ်ဘူးဆိုပေမယ့် အနည်းအကျဉ်းတွဲစားတာလောက်နဲ့ အဆင်ပြေနိုင်ပါတယ်။

၆။ အသားအရေကို ဖြူစင်ဝင်းပစေတယ်
-----------------------------------------------
ဒီတစ်ခါတော့ စားဖို့မဟုတ်ဘူး။ ပိန္နဲစေ့တေွကို နွားနိုု့၊ ပျားရည်နဲ့စိမ်ပြီး နှပ်ထားပေးပါ။ ပြီးရင် အကုန်ရော ကြိတ်ပါ။ နောက် ရလာတဲ့အနှစ်ကို မျက်နှာမှာ လိမ်းပေးပါ။ ပြီးရင်ခြောက်တဲ့အထိထားပြီးတော့ ရေနေွးနေွးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒါဆို သင့်မျက်နှာလေး ဖြူဝင်းလှပလာပါလိမ့်မယ်။

၇။ ဆံပင်ကို သန်စေတယ်
-----------------------------
ဒါဟာ ဗီတာမင်အေ ကြောင့်ပါပဲ။ ဗီတာမင်အေက ဆံသား ကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါအပြင် ပိန္နဲစေ့မှာ ကြွယ်ဝတဲ့ ပရိုတင်းဓာတ်တေွကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။ သံဓာတ်ပါဝင်မှုကြောင့်လည်း ဦးရေပြားမှာ သေွးလည်ပတ်မှု ပိုကောင်းစေပြီးတော့ ဆံပင်အတွက် အကျိုးပြုတာက နောက်တစ်ချက်ပါ။ ဒါအပြင် ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက ပိန္နဲစေ့ဟာ စိတ်ဖိစီးမှုကို လျော့ပါး သက်သာစေနိုင်စွမ်း ရှိနေတာပါ။ သူ့မှာပါဝင်တဲ့ ပရိုတင်းနဲ့ တစ်ခြားအာဟာရဓာတ်တေွရဲ့အာနိသင်ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျှတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခု ဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျှတ်တာကို သက်သာစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသီးတေွချည်းပဲ ဝယ်စား မနေကြပါနဲ့ ဦးနော်။ အစေ့တေွ လွှင့်မပစ်ဘဲ စားကြည့်လိုက်ပါ။ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်နေတာမို့ ကြုံတဲ့အခါ စားကြည့်လိုက်အုံး နော်။ ဒါဆို ဒီလို အကျိုးကျေးဇူးတေွကိုလည်း ရနိုင်ပါလိမ့်မယ်။
#Ref( ဟယ်လို - ပိန္နဲသီးအစေ့နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)