
ကျှန်တော်တို့ နေ့စဉ် ထမင်းစားမြိန်စေတဲ့ ငါးပိရည်ဟာ စားလို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် ဒီငါးပိရည် ဘယ်လို ဖြစ်လာတာကိုတော့ သိတဲ့သူ နည်းပါးပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဆေးဖက်ဝင် ငါးပိရည်ဖျော်နည်း အကြောင်း မပြောခင် ဦးစွာ ပထမ ငါးပိလုပ်နည်းကို ပြောပြချင်ပါတယ်။ ငါးပိတစ်ပိဿာအတွက် ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငါးပြေမကတော့ ပြောစမှတ် ဖြစ်ရအောင် အချိုဓာတ် လေးလေးပင်ပင် ရှိလှပါတယ်။ စျေးမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊ ငါးမြေွထိုး စတဲ့ ရေချိုငါးတို့ကိုလည်း စိတ်ကြိုက် သုံးနိုင်ပါတယ်။ အရင်ဆုံး ငါးတေွကို ဗိုက်ခွဲ အူထုတ်ပြီး ရေပြောင်အောင် ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက် ထက်ပို၍ မကြီးသင့်ပါဘူး။

ငါးအကောင်ကြီးရင်တော့ ထက်ခြမ်း ခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲ အတော်အသင့် အစိုဓာတ် နည်းသွားမှာပါ။ ဆားနယ်တဲ့အခါမှာလည်း ပုံမှန် ဟင်းချက်တာထက် ပိုပြီးတော့ နယ်ရမှာပါ။ သို့သော် ဆားထည့်များရင်တော့ ငန်လွန်းနေပြီး ဆားနည်းရင်တော့ ငါးတေွ ပုပ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝနည်း ဖြစ်လို့ အချို့မှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ (သတိပြုရန်။ ငါးနေလှန်းတဲ့ အခါ ယင်ကောင်များ နားပါက ဥချခဲ့ရင် ငါးပိထဲမှာ လောက်ကောင်များ တေွ့ရတတ်လို့ ထိုအရာကို ယင်မနားပါစေနှင့်)။ ငါးခြောက်ဖြစ်တဲ့အထိ နေမလှန်းဘဲ အစိုဓာတ် ထက်ဝက်လောက် လျော့ကျသွားချိန်မှာ ငရုတ်ဆုံထဲ ထည့်ပြီးတော့ ထောင်းပေးပါ။ သို့သော် အထူး ညက်စရာတော့ မလိုပါ။ ငါးပုံပျက်ပြီး အနည်းငယ် ပဲ့ရွဲ့၍ ဖိသိပ်ထည့်လို့ ရတဲ့ အနေအထားထိ ပျော့ပျောင်း လာရင်တော့ ပလတ်စတစ်ဘူး၊ ဖန်ဘူးများထဲ သိပ်ထည့်ထားပါ။

ပြီးရင် အပေါ်မှ ဆားများကို ဖြူး၍ (အနည်းဆုံး လက်တစ်ဆုပ်ခန့်) အဖုံးကို လုံအောင် ပိတ်ထား လိုက်ရုံပါပဲ။ အခုလို သဘာဝနည်းဖြင့် ငါးငါးပိ လုပ်နည်းက ငါးကလေးဆိုရင် နှစ်လခွဲခန့် ကြာမှ ဖြစ်ပြီး ငါးကြီးဆိုလှျင်တော့ သုံးလခွဲခန့် ကြာနိုင်ပါတယ်။ ငါးပိနပ်လို့ အိုးစဖွင့်တယ်ဆိုရင်ပဲ ငါးပိ အိုးတက်ရည်များကို တေွ့ရပါလိမ့်မယ်။ အဲဒီ အိုးတက်ရည်တေွဟာ သဘာဝ ငါးပိမှထွက်တဲ့ ငံပြာရည်များ ဖြစ်လို့ ဘေးအန္တရာယ် ကင်းစွာ ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ့အသက် မကောင်းတဲ့ အတွက် အိုးထဲမှ ငံပြာရည် (အိုးတက်ရည်) များကို ခပ်ယူပြီး ပွက်ပွက်ဆူအောင် ကျိုချက်ထားရပါမယ်။ ငံပြာရည် အချိုကြိုက် ရင်တော့ သကြား ထည့်ပေးနိုင် ပါတယ်။ ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာ သိမ်းပြီး သဘာဝ ငါးငံပြာရည် စစ်စစ်အဖြစ် လိုသလို အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ ငါးငါးပိ လုပ်ရင်းနဲ့ ငါးငံပြာရည် စစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။

ဆေးဖက်ဝင် ငါးပိရည်ဖျော်နည်း
----------------------------------------
ငါးပိ ဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာ အူတေွထုတ်ပြီး ဆား (အငန်ဓာတ်တေွ) နဲ့ အပုပ်ခံ လုပ်ထားတာမို့ ငါးပိရည်က စားလို့တော့ ကောင်းပါရဲ့ ဒါပေမယ့် အငန်ဓာတ်တော့ ကဲနေပါတယ်။ ဒါကြောင့်လည်း သေွးတိုးရောဂါ သည်များနှင့် ဝက်ခြံပေါက်သူများက ထမင်းဝိုင်းမှာ ငါးပိရည် ရန့ံမေွှးမေွှး လေးကို စိတ်ရှိတိုင်း မစားရဲကြတာပါပဲ။ သို့သော် အထက်မှာ ဖော်ပြထားသလို သဘာဝနည်းနဲ့ ပြုလုပ်ဖော်စပ် ထားတဲ့ ငါးပိရည်ကို ဆေးဖက်ဝင်အောင် ဖျော်၍ သင့်တင့်တဲ့ ပမာဏ စားခြင်းသည် လူကို ဘေးထွက်ဆိုးကျိုးတေွ မဖြစ်စေပါဘူး။ ငါးပိထဲမှာ ရေငေွ့ဓာတ်၊ ထုံးဓာတ်နှင့် အသားဓာတ် တို့ ပါရှိနေပါတယ်။ ဦးစွာ ငါးပိရည်ကျိုတဲ့ အခါမှာ နနွင်း (ဆနွင်း)မှုန့်ကို ထည့်၍ ကျိုပေးရမှာပါ။ ဘာကြောင့်လဲ ဆိုရင် နနွင်းမှုန့်က အညီှအဟောက်များကို လွန်စွာ ပြေပျောက်စေတဲ့အပြင် အရောင်လှရုံသာမက ငါးပိရည်၏ အနံ့နှင့် အရသာကိုပါ ပိုကောင်းလာစေနိုင်လို့ပါပဲ။ နနွင်းနှင့်ရောကျိုပြီး ပွက်ပွက်ဆူလာတဲ့အခါ အိုးပေါ်မှ ချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူ နိုင်နိုင် ထည့်ပေးလိုက်ခြင်းဖြင့် စားချင်စဖွယ် ဆေးဖက်ဝင် ငါးပိဖျော်ရည် ရပါပြီ။

အစပ်ကြိုက်သူတေွကတော့ ငရုတ်သီးစိမ်း ကို လေှာ်၍ ထောင်းထည့် စားနိုင်ပါတယ်။ ငရုတ်သီးစိမ်းလေှာ် က ငါးပိရည်ရနံ့ကို ပို၍ ဆွဲဆောင်မှု ဖြစ်စေရုံသာမက ငရုတ်သီးစိမ်း စားလို့ ဗိုက်နာခြင်းမှလည်း ကြိုတင် ကာကွယ်ရာရောက်ပါတယ်။ (ငရုတ်သီး အကျက်မှုန့်ကိုမှ ကြိုက်တေွကလည်း မိမိအလိုရှိသလို ထည့်စားလို့ရပါတယ်) ဒါပေမယ့် ဆေးဖက်ဝင် ငါးပိရည်ဖျော်အတွက် အချိုမှုန့်တော့ မထည့်သင့်ပါဘူး။ အချိုမှုန့် အစား ပုစွန်ခြောက်မှုန့် အနည်းငယ် ထည့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် မိမိ အဆင်ပြေရာ ပြုတ်ထားသော ငါးကျည်း၊ ငါးကြင်း၊ ငါးမြစ်ချင်း အသားအနည်းငယ်ကို အရိုးနွှင်၍ ငါးပိရည်ထဲ ခတ်ပေးနိုင်ပါတယ်။

ထမင်းဝိုင်း ပြင်ခါနီးမှာ ငါးပိရည်ခွက်ထဲကို သံပရာရည် ညှစ်ထည့်ပေးလိုက်ပါဦး ၊ သံပရာရည်က သေွးတိုးကို ထိန်းပေးနိုင်သလို ဒါဆို မြန်မာ့အကြိုက် ချဉ်၊ ငန်၊ စပ် အရသာ ပြီးပြည့်စုံတဲ့ ငါးပိရည် တစ်ခွက် ရပါပြီ။ အတို့အမြှုပ်အဖြစ် မန်ကျည်းသီးဖြင့် ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွားသီး၊ ဖရဲသီးငယ် သို့မဟုတ် ဘူးသီးပြုတ်၊ ခရမ်းကြွပ်သီး၊ ပူဒီနာရွက်၊ မုန်လာဥနီ၊ ချဉ်ဖတ် အမျိုးမျိုး၊ ရေနေွးဖြော ထားတဲ့ပဲစောင်းလျားသီး၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကနဖော့၊ မှုိနားတို၊ စာကလေး ခြေတောက်၊ ပဲပုစွန် စတဲ့ သဘာဝ ဟင်းသီးဟင်းရွက် များကို ငါးပိရည်ဖြင့် တွဲဖက် စားခြင်းဖြင့် ခံတွင်းလိုက်စေသလို ဆေးဖက်လည်း ဝင်စေမှာ အမှန်ပါပဲ။
#Ref(ဆရာမျိုး( တိုက်ကြီး ) - ငါးပိရည်ဖျော်နည်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)