
ထောပတ်သီးဟာ အရသာရှိပြီးတော့ အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသားကို စားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတေွ အများကြီးရှိတယ်ဆိုတာကို သင်သိပါသလား။ ထောပတ်သီးအစေ့မှာ ဆေးဖက်ဝင် အာနိသင်တေွ အများကြီး ပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတေွအတွက်ပါ အသုံးဝင်တဲ့ နည်းလမ်းတေွရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ထောပတ်သီးအစေ့ကို ဘယ်လို စွယ်စုံသုံးမလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ခေါင်းလေှျာ်ရည်
----------------------------
ထောပတ်သီးခေါင်းလေှျာ်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။ အရင်ဦးဆုံး ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီး ခြစ်ထားပါ။ ပြီးရင် ရေ ၆ ခွက်နဲ့ ရောမေွှပြီး ကိုယ်သုံးမယ့် ခေါင်းလေှျာ်ရည် အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ ခေါင်းလေှျာ်ပေးရင် ပေါင်းတင်ထားသလို ဆံသားကို နူးညံံ့စေပါတယ်။

၂။ သွားကိုက်ခြင်း
------------------------
သွားကိုက်နေတယ်ဆိုရင် ထောပတ်သီးအစေ့ကို အနည်းငယ် လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ ပြီးရင် ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကို ရေနေွးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာ စေနိုင်ပါတယ်။

၃။ အကိုက်အခဲပျောက်ဆေး
-------------------------------
ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို နှိပ်လိမ်းပေးပါ။

၄။ အသားအရေအတွက် ဆေးတစ်လက်
------------------------------------------
ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တေွကို ပျောက်ကင်းစေနိုင်စွမ်းလည်း ရှိပါတယ်။ ထောပတ်သီးစေ့ကို အခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီး ရေနေွးနည်းနည်းနဲ့အနှစ်ဖြစ်အောင် မေွှပါ။ ပြီးရင် သံလွင်ဆီအနည်းငယ်ထည့်ပြီး အသားအရေမှာ လိမ်းပါ။ ထို့နောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ် လောက်အထိ မခြောက်မချင်း ထားပေးပါ။ ပြီးမှ ရေချိုးချလိုက်တဲ့အခါ အသားအရေဝင်းလက်ပြီး ချောမေွ့နေတာ တေွ့ရပါမယ်။

၅။ ကိုယ်တိုင်လုပ် Face Scrub
-----------------------------
မျက်နှာအတွက်ရော တစ်ကိုယ်လုံးအတွက်ပါ သဘာဝ scrub လေး ကိုယ်တိုင်လုပ်ဖို့ မခက်ပါဘူး။ အခြောက်လှမ်းထားတဲ့ အစေ့ကို ကြိတ်ပြီး ငှက်ပျောသီးတစ်လုံးချေထည့်၊ သံလွင်ဆီတစ်ဇွန်း ထည့်ပြီး မေွှပါ။ ပြီးရင် အရေပြားမှာ ညင်သာစွာ လိမ်းပွတ်ပေးပြီးတော့ ဆေးကြောပါ။

၆။ ဗောက်ပျောက်စေတယ်
---------------------------------
အခြောက်မလှမ်းရသေးတဲ့ အစေ့ကို ခြစ်ပြီး ကြက်ဆူဆီ (castor oil) ထည့်မေွှ၊ တစ်ရက်လောက်နှပ်ထားပါ။ ပြီးရင် ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ ဦးခေါင်းကို တဘက်တစ်ထည် သို့မဟုတ် ပဝါပါးနဲ့ တစ်နာရီလောက် ပတ်ထားပြီးမှသာ ခေါင်းလေှျာ်ပါ။ ဗောက်ကင်းစင်ပြီး တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရပါလိမ့်မယ်။ အဆီပြန်တတ်တဲ့ဆံသားအတွက်တော့ ဒီနည်းက မသင့်တော်ပါဘူး။

၇။ သဘာဝအဝတ်အထည်ဆိုးဆေး
----------------------------------
ထောပတ်သီးအစေ့ကို အဝတ်အထည်တေွ အရောင်ဆိုးဆေးအဖြစ် သုံးလို့ရပါတယ်။ ပန်းရောင်ထွက်ပါတယ်။ လွယ်လွယ်လေးပါ။ ထောပတ်သီးစေ့နဲ့အခွံကို ပွက်ပွက်ဆူအောင် ၄၅ မိနစ်လောက် တည်ပါ။ ကိုယ်အရောင်ဆိုးချင်တဲ့ အထည်ကိုပါ ထည့်တည်ပါ။ ပန်းရောင်အဖျော့လေး ရပါမယ်။ အရောင်ထပ် ရင့်ချင်ရင်တော့ အစေ့နဲ့အခွံပိုထည့်ပြီးတော့ အရောအနေှာကို အချိန်ပိုကြာကြာ ထားပေးပါ။

၈။ ထောပတ်သီးအစေ့ကို စားလို့ရသလား
--------------------------------------------
ထောပတ်သီးက အာဟာရပြည့်ဝတဲ့အသီးအနှံ တစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာ ပါရှိတဲ့ အမိုင်နိုအက်စစ် ရဝ ရာခိုင်နှုန်းကို အစေ့မှာ တေွ့ရှိရပါတယ်။ ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တေွကြောင့် အရသာ ခါးသက်ပြီး အနံ့ပြင်းပါတယ်။ ထောပတ်သီးစေ့ကို စားသုံးမယ်ဆိုရင် စားလို့တော့ ရပါတယ်။ တခြားအစေ့တေွလိုပဲ အာဟာရဓာတ်တေွ၊ အမှျင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတေွ ပါဝင်ပေမယ့် ဘေးဥပါဒ်လုံးဝကင်းရှင်းရဲ့လားဆိုတဲ့အပေါ် အသေးစိတ် လေ့လာတေွ့ရှိချက် နည်းနေသေးတာကြောင့် စားသုံးမှုကိုပညာရှင်တေွက အားမပေးကြပါဘူး။ tannin ပါဝင်မှုကြောင့်လည်း ဝမ်းချုပ်စေတတ်တယ်လို့ သိရပါတယ်။ အမှန်တော့ အသီးအနှံတိုင်းရဲ့အစေ့တိုင်းကို စားလို့မရနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဥပမာ တရုတ်ဆီးသီးနဲ့ မက်မွန်သီးအစေ့တေွဆိုရင် cyanide အဆိပ်ပါတဲ့ amygdalin ဒြပ်ပေါင်း ပါဝင်လို့ ဘေးဥပါဒ်မကင်းနိုင်ပါဘူး။
#Ref( ဆရာထက်နိုင်( မကေွး ) - ထောပတ်သီးစေ့နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)