စျေး မီဒီယာ
အခြား

သင်အိပ်နေတုန်း သင့်အသည်းကို ကောင်းကောင်း သန့်စင်ပေးနိုင်တဲ့ နည်းလမ်းများ

Posted by Zaw Lin Aung April 12, 2020
Ze7rcqr2bhbx7f2fxqrm

အရသာရှိလွန်းတဲ့ ဖျော်ရည်တေွနဲ့ အသည်းကို သန့်စင်လို့ရတာကို သင်သိပါသလား။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တေွကို ဖယ်ရှားပေးနိုင်ပြီးတော့ ကျန်းမာစေဖို့အတွက် အဓိက ကျတဲ့အင်္ဂါတေွထဲမှာ ပါဝင်နေပါတယ်။ ဒါအပြင် အသည်းကျန်းမာရေးကောင်းအောင် အသည်းထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တေွကိုလည်း ဖယ်ရှားပေးနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသည်းကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအစာနဲ့ ပြုလုပ်နည်းတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Sfeatnyhaevgodwlvvgt

၁။ အုတ်ဂျုံ နဲ့ သစ်ကြမ်းပိုးခေါက် ဖျော်ရည်
------------------------------------------------

သစ်ကြမ်းပိုးခေါက်ကို ဒီအတိုင်း သောက်ရင် အဝင်ဆိုးပါတယ်။ အုတ်ဂျုံ ( ကေွကာအုပ်လုပ်တဲ့အမှုန့် )ကို သစ်ကြမ်းပိုးခေါက်နဲ့ရော သောက်ရင် အရသာလည်း ကောင်းပြီးတော့ အသည်းက အဆိပ်အတောက်တေွကိုလည်း သန့်စင်ပေးပါတယ်။ ဒါအပြင် အစာခြေစနစ်ကိုလည်း မြှင့်တင်ပေးပြီးတော့ သေွးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး သေွးလည်ပတ်မှုကိုလည်း သိသိသာသာ ကောင်းမွန်စေပါတယ်။

Ssx5u0hr8qhvrkqnzuqb

ပါဝင်ပစ္စည်းများ
-----------------

အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း

ရေ ၁ခွက်စာ ( 250 ml )

သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ဇွန်းခွဲ ( 2g )

ပြုလုပ်နည်း
---------------

၁။ ကေွကာအုပ်ကို ရေနဲ့ ဖျော်ပြီး နာရီအနည်းငယ် ထားလိုက်ပါ။
၂။ ပြီးရင် သစ်ကြမ်းပိုးခေါက်နဲ့ စောစောက အရည်နဲ့ကို ဖျော်စက်ထဲ ထည့်ဖျော်ပါ။ အိပ်ယာမဝင်ခင် မိနစ် ၂ဝ ၊ ၃ဝ လောက် စောပြီး သောက်ပါ။ တစ်ခါသောက်ရင် ၂ပတ်ဆက်တိုက်သောက်ပါ။

Uqsa065gmythp1jhi3wv

၂။ သံပုရာသီး အခွံ ရေနေွးကြမ်း
----------------------------------

သံပုရာသီးအခွံမှာ ဗီတာမင် စီကြွယ်ဝစွာ ပါ၀င်တာကြောင့် စွမ်းအားမြင့် Antioxidants တေွပါ၀င်နေပါတယ်။ ဒီဓာတ်တေွက အသည်းကို သန့်စင်ပေးပြီးတော့ ရောဂါတေွကို ကာကွယ်ပေးပါတယ်။

Os9nkrrnygbogczjfoyu

ပါ၀င်ပစ္စည်းများ
-----------------

သံပုရာသီး အခွံ

ရေ ၁ ခွက် ( 250 ml )

ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း
---------------

၁။ သံပုရာသီးအခွံကို လှီးလိုက်ပြီး ပွက်ပွက်ဆူနေတဲ့ ရေထဲထည့်ပါ။
၂။ ၁ဝ မိနစ်လောက်တည်ထားပါ။ ပြီးရင် အရည်ကို စစ်ယူပြီး ပျားရည်နဲ့ ရောသောက်ပါ။ အိပ်ရာမဝင်ခင် မိနစ် ၃၀ လောက် အလိုမှာသောက်ပါ။ နေ့စဉ် ၃ရက် ဆက်တိုက်သောက်ပါ။
#Ref( My Food news - အသည်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.