
လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အရေးပါတဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတေွ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ ဆီးလမ်းကြောင်းနဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တေွကို စစ်ထုတ်ပေးရာမှာ အရေးပါတဲ့ ကျောက်ကပ်ကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လူတစ်ယောက်မှာ ကျောက်ကပ် အလုပ်လုပ်ဆောင်မှု လုံးဝ ရပ်တန့်သွားပြီဆိုရင် အဲဒီလူဟာ သေဖို့ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကျောက်ကပ်ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုနိုင်တဲ့ အစားအစာလေးတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဂေါ်ဖီထုပ်
---------------
ဂေါ်ဖီထုပ်ဟာ phytochemical အပြည့်ပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဂေါ်ဖီထုပ်ထဲမှာ ပါဝင်တဲ့ antioxidant တေွဟာ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်တဲ့ Free radical တေွကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို ဒဏ်ပိစေမှာတော့ မဟုတ်ပါဘူး။ ဒါအပြင် ဗီတာမင်နဲ့ သတ္ထုဓာတ် ကြွယ်ဝမှုဟာလည်း ကျောက်ကပ် အားကောင်းအောင် ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပါတယ်။

၂။ ငရုတ်ပွသီး
--------------
ငရုတ်ပွသီးက ပိုတက်စီယမ် ပါဝင်မှု နည်းပါးတာကြောင့် ကျောက်ကပ် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါအပြင် ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်အေ၊ ဖောလစ်အက်ဆစ်နဲ့ အမှျင်ဓာတ် ကြွယ်ဝစွာ ပါဝင်မှုတို့အပြင် အစားအစာကိုလည်း အရောင်အဆင်းနဲ့ အရသာ ဖြည့်စွမ်းပေးနိုင်ပါတယ်။ ငရုတ်ပွသီးထဲမှာ ပါဝင်တဲ့ Lycopene ဆိုတဲ့ antioxidant ဟာ တစ်ချို့ကင်ဆာရောဂါတေွကိုလည်း ကာကွယ်တိုက်ထုတ် ပေးနိုင်ပါသေးတယ်။

၃။ ကြက်သွန်နီ
-------------
ကြက်သွန်နီရဲ့အခိုးအငေွ့ဟာ လူကို မျက်ရည်တောက်တောက် ကျစေနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြက်သွန်နီဟာ ကျောက်ကပ်တေွ ပုံမှန်အလုပ်လုပ်နိုင်အောင်တော့ ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီထဲမှာ flavonoid နဲ့ quercetin ဆိုတဲ့ ဒြပ်ပေါင်းတေွ ပါဝင်ပြီးတော့ အဲဒီဓာတ်တေွက သေွးကြောထဲမှာ အဆီတေွ ဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါအပြင် ကြက်သွန်နီတေွဟာ ပိုတက်စီယမ် ပါဝင်မှု နည်းပါးပြီးတော့ ကျောက်ကပ်ကို ဒဏ်ပိစေနိုင်မယ့် ဓာတုပစ္စည်းတေွကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၄။ ကညွတ်
--------------
ကညွတ်ပင်ဟာ ကယ်လိုရီပါဝင်မှု နည်းပါးပြီးတော့ ဗီတာမင် အေ၊ ဗီတာမင် ကေ နဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ စမ်းသပ်ချက်တေွအရလည်း ကညွတ်ထဲမှာ ဆီးနဲ့ကျောက်ကပ် လုပ်ဆောင်မှုတေွကို ပိုမို အားကောင်းစေတဲ့ အာဟာရဓာတ်တေွ ပါဝင်နေတယ်လို့ ဆိုပါတယ်။

၅။ ကြက်သွန်ဖြူ
-----------------
ကြက်သွန်နီလိုပဲ ကြက်သွန်ဖြူမှာလည်း ဆိုးဝါးတဲ့ရနံ့ တစ်မျိုး ပါရှိပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူဟာ အာနိသင်ထိရောက်တဲ့ ပရဆေးတစ်မျိုးလည်း ဖြစ်နေပါသေးတယ်။ အစားအစာတေွရဲ့ အနံ့၊ အရသာကို ပိုမိုကောင်းမွန်အောင် ထောက်ကူပေးနိုင်သလိုပဲ ကျန်းမာရေးအရလည်း များစွာ အထောက်အကူ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ် အစားအစာတေွထဲမှာ ထည့်သွင်း စားသုံးပေးခြင်းက ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဝေဒနာတေွကိုပါ လျော့ပါးသက်သာစေနိုင်ပါတယ်။

၆။ ပန်းဂေါ်ဖီ
-----------------
ဗီတာမင် စီ၊ ဖိုလိတ်နဲ့ အမှျင်ဓာတ်တေွဟာ ကျောက်ကပ်နဲ့ ရင်းနှီးကျှမ်းဝင်မှုရှိတဲ့ အာဟာရဓာတ်တေွှဖစ်ပြီး အဲဒါတေွဟာ ပန်းဂေါ်ဖီထဲမှာ ကြွယ်ဝစွာ အများကြီး ပါဝင်ပါတယ်။ ပန်းဂေါ်ဖီထဲမှာ အသည်းနဲ့ ကျောက်ကပ်ကို အားပေးပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တေွကို ဖယ်ရှားနိုင်တဲ့ functionလည်း ပါဝင်ပါတယ်။

၇။ ပန်းသီး
--------------
ပန်းသီးဟာ ဗီတာမင်၊ သတ္ထုဓာတ်နဲ့ အမှျင်ဓာတ် ကြွယ်ဝတဲ့ အရင်းမြစ် တစ်မျိုးပါ။ ပန်းသီးထဲမှာ antioxidant နဲ့ anti-inflammatory ဂုဏ်သတ္တိတေွ ပါဝင်ပြီးတော့ မကောင်းတဲ့ ကိုလက်စ်ထရောတေွကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးစားသုံးခြင်းဟာ ကျောက်ကပ်ပြဿနာတေွကို ဖြစ်မလာအောင်လည်း ကြိုတင်တားဆီးပေးနိုင်ပါတယ်။
#Ref(ဒေါက်တာ သက်သက် - ကျောက်ကပ်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)