အစာအဖက်စကျေှးတဲ့ကလေးငယ်ကို ဘယ်အချိန်မှာ အစားစကျေှးပေးကြတာလဲကလေးငယ်လေးတေွ အစာအဖက်စကျေှးတဲ့အချိန် (၆)လ အရွယ်မှာ အစာကိုကျေှးတဲ့အချိန်ကလည်း အဓိကပါပဲ။ အစာစကျေှးတဲ့ကလေးကို ကျေှးချင်တဲ့အချိန်ကျေှးလို့မရပါဘူး။ နို့တိုက်ကလေးငယ်ကို အသက်(၆)လပြည့်လှျင် ဆန်ပြုတ်ကဲ့သို့သော အစာစကျေှးလှျင်
(၁)။ မနက် အိပ်ယာထချိန်တွင် သွားရည်စာတစ်ကြိမ်
(၂)။ မနက်(၉း၃၀ -၁၀ နာရီလောက်တွင်တစ်ကြိမ်
(၃)။ နေ့လည် တစ်ရေးအိပ်ပြီး နိုးလာတဲ့ အချိန်မှာ သွားရည်စာ တစ်ကြိမ်
(၄)။ ညနေ ၃း၃၀ - ၄းဝဝ နာရီတွင်တစ်ကြိမ် ကျေှးသင့်ပါတယ်။
ညနေ (၅းဝဝ) နာရီနောက်ပိုင်းမှာတော့ နို့သာတိုက်သင့်သည်။
ညအိပ်ချိန်တွင် အစာအိမ်အနားရအောင်လို့ ညနေ ၅းဝဝ နာရီနောက်ပိုင်း အဖက်မကျေှးပဲ နို့သာတိုက်သင့်သည်။ သို့မှသာ အစာကျေညက်ပါမည်။ မေမေများအားလုံး ကေလေးငယ်ကို နည်းစနစ်မှန်ကန်စွာ အစားအစာကျေှးတတ်ကြပါစေနော်...။