
အိမ်မှာ ရေွှဖရုံသီးဟင်း ချက်စားပြီးရင် အစေ့တေွကို ဒီအတိုင်းပဲ လွှင့်မပစ်လိုက်ပါနဲ့နော်။ ဖရုံစေ့ကို ဒယ်အိုးပူထဲမှာ အိုးကင်းပူတိုက်ပြီးတော့ လေှာ်ထားတဲ့ ဖရုံစေ့လေှာ်လေးတေွဟာ ဝါးလို့ကောင်းရုံတင်မက များပြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတေွကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဖရုံစေ့လေှာ်ကို စားပေးရင်းနဲ့ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ကိုလက်စထရောကို ထိန်းချုပ်ပေးနိုင်တယ်
----------------------------------------------
Phytosterol နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တေွဟာ ဖရုံစေ့ထဲမှာ ကြွယ်ဝစွာ ပါဝင်ပြီးတော့ ကိုလက်စ်ထရော နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲဒီဒြပ်ပေါင်းတေွဟာ သေွးခဲခြင်းကိုလည်း တားဆီးပေးတဲ့အတွက် နှလုံးသေွးကြောကျဉ်းရောဂါကို မဖြစ်စေနိုင်ပါဘူး။ ရလဒ်အနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်လေငန်း ရောဂါတေွကိုလည်း ကာကွယ်တားဆီးပေးပါတယ်။

၂။ Antioxidant ကြွယ်ဝတယ်
----------------------------------
ဖရုံစေ့ထဲမှာ Lignan ဆိုတဲ့ ဒြပ်ပေါင်းအပါအဝင် ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတေွ အများကြီး ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းတေွဟာ Free radical တေွကို တိုက်ဖျက် ပေးနိုင်တဲ့ antioxidant အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီတော့ ဆဲလ်လုပ်ဆောင်မှုစနစ်ကို ပိုမို ကောင်းမွန်စေပြီးတော့ ကင်ဆာရောဂါ အန္တရာယ်ကိုလည်း လေှျာ့ချပေးနိုင်ပါတယ်။

၃။ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေတယ်
----------------------------------------------------
အလုပ်များလွန်းတဲ့ တစ်နေ့တာကြောင့် ပင်ပန်းနွမ်းနယ်ပြီးတော့ စိတ်ဖိစီးမှု များပြားနေသလို ခံစားနေရရင် ဖရုံစေ့လေှာ်လေးတေွ ဝါးပေးပြီး အိပ်ပျော်စားဝင်အောင် ပြန်လည် ဖန်တီးနိုင်ပါတယ်။ ဖရုံစေ့ထဲမှာ မဂ္ဂနီစီယမ်နဲ့ ထရွိုင်တိုဖန်းလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီသတ္ထုဓာတ်တေွက အိပ်စက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ အာဟာရဓာတ်တေွပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်တေွ အရမ်းပင်ပန်းနေရင် ဖရုံစေ့လေှာ်လေးသာ ကောက်ဝါး ကြည့်လိုက်ပါ။

၄။ ဆီးကြိတ်ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်
--------------------------------------------------------------
အမျိုးသားတေွရဲ့ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်ပါဝင်မှု များပြားခြင်းကြောင့် ဆီးကြိတ်ရောင်ရမ်းခြင်း ဝေဒနာကို ခံစားနေရပြီဆိုရင်တော့ ဖရုံစေ့လေှာ်လေးကိုသာ စားပေးကြည့်ပါ။ ဖရုံစေ့က ဆီးကြိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီးတော့ ကင်ဆာဖြစ်စေမယ့် အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အမျိုးသားတေွမှာလည်း ဇင့်ဓာတ်နည်းပါးရင် လိင်စိတ်ဟော်မုန်းကို လျော့ကျစေနိုင်ပါတယ်။ ဖရုံစေ့စားပေးခြင်းက အမျိုးသားတေွအတွက် လိင်စိတ်ကျန်းမာရေးကို အားကောင်းစေနိုင်ပါတယ်။

၅။ ဆံပင်ကို သန်စေတယ်
-----------------------------
လေ့လာမှုတေွအရ ဖရုံစေ့ဆီက ဆံပင်မသန်တဲ့ အမျိုးသားတေွကို ဆံသားပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်။ တကယ်တော့ အမျိုးသားတေွ ထိပ်ပြောင်ရခြင်းက androgen ဆိုတဲ့ ဟော်မုန်း နည်းပါးမှုကြောင့်လို့ သုတေသီတေွက အဖြေထုတ်ထားပါတယ်။ ဖရုံစေ့ထဲမှာ ပါဝင်တဲ့ အဆီဓာတ်ကတော့ အမျိုးသားတေွမှာ androgen ဟော်မုန်းကို တိုးပွားစေပါတယ်။ ဒါကြောင့် ထိပ်ပြောင်နေသူများ ဆံပင်ပြန်သန်ချင်ရင် ဖရုံစေ့လက်တစ်ဆုပ်ကို နေ့တိုင်း ပုံမှန် စားပေးပါ။ ဒါဆို သိသိသာသာ ဆံပင်တေွ ပြန်စွမ်းလာပါလိမ့်မယ်။
#Ref( Good Health news - ဖရုံစေ့လေှာ်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)