မေွှးရနံ့ သင်းပျံ့ပြီး အရသာ ကောင်းမွန်လို့ ဟင်းချက်ရာမှာ ထည့်သွင်းအသုံးပြုသည့် ဖာလာစေ့ဟာ လူသိများလှပေမယ့် သူ့ရဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတေွကိုတော့ လူသိနည်း လှပါတယ်။ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ သံဓာတ် စတာတေွ အမြောက်အမြား ပါ၀င်တဲ့ ဖာလာစေ့ဟာ သင့်ကိုကောင်းကျိုးအမျိုးမျိုးတေွ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဖာလာစေ့က သင့်ကို ဘယ်လိုအကျိုးကျေးဇူးတေွပေးစွမ်းနိုင်သလဲဆိုတာကို အခုလိုပဲ တင်ပြ ပေးလိုက်ပါတယ်။
၁။ အစာခြေဖျက်အားကို ကောင်းစေခြင်း
---------------------------------------------------
ဖာလာစေ့သည် လေနှင့်ဖောရောင်ခြင်းတို့ကို လျော့ကျစေပြီးတော့ သည်းခြေစီးဆင်းမှုကိုပါ တိုးမြှင့်ပေးလို့ အဆီနှင့်အခြားအာဟာရဓာတ်တေွကို ခြေဖျက်ဖို့ မြှင့်တင်ပေးပါတယ်။ ရေနေွးကြမ်းအနေနဲ့လည်း သောက်သုံး ပေးနိုင်ပါတယ်။
၂။ ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးခြင်း
---------------------------------------------
ဖာလာစေ့မှာ ခံတွင်းအနံ့ဆိုးရတဲ့ အကြောင်းအရင်းနဲ့ ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်း Antibacterial အစွမ်းသတ္တိတေွ ပါ၀င်လို့ ခံတွင်းအနံ့ဆိုးကို ဖြစ်စေတဲ့ ပိုးမွှားများကိုလည်း အလွယ်တကူ တိုက်ထုတ် ပေးနို်င်ပါတယ်။ ဒါအပြင် ဖာလောစေ့ရဲ့အဆီက ခံတွင်းအနံ့ဆိုးနှင့် အခြားကူးစက်မှုတေွကိုလည်း ဖြစ်စေတဲ့ ဘတ်တီးရီးယားများကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း သို့မဟုတ် ခံတွင်းအနံ့ ရှင်းလင်းစေလိုသည့် အခါတိုင်း ဖာလာစေ့အနည်းငယ်ကို ဝါးစားပေးနိုင်ပါတယ်။
၃။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေခြင်း
-------------------------------------------
ဖာလာစေ့က အစာခြေဖျက်မှုကို အကူအညီပေးသည့်အတွက်ကြောင့် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အစာစားချင်စိတ် နည်းပါးနေပါက ဖာလာစေ့အမှုန့်အနည်းငယ်ကို စွပ်ပြုတ်ထဲထည့်သောက်နိုင်သလို အစေ့ကိုလည်း ဝါးစားလို့ ရပါတယ်။
၄။ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်တေွကိုလည်း ဖယ်ရှားပေးတယ်
---------------------------------------------------------------------
Antioxidant အများအပြား ပါဝင်တဲ့ ဖာလာစေ့ဟာ ခန္ဓာကိုယ်ကိုလည်း အဆိပ်အတောက် ဖယ်ရှားပေးနိုင်ပါတယ်။ အဆိပ်အတောက် ကင်းရှင်းတဲ့ ခန္ဓာကိုယ်ဟာ စွမ်းအင်အပြည့်နှင့် ပိုမိုကောင်းမွန်တဲ့ကိုယ်ခံအား၊ ဇီဝ ဖြစ်စဉ်တို့အတွက် လမ်းဖွင့်ပေးပါတယ်။ ဒါကြောင့် နေ့စဉ် ဖာလာစေ့ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်သုံးပေးပါ။
၅။ ကျောက်ကပ်ကျန်းမာရေးကို တိုးမြှင့်ပေးခြင်း
----------------------------------------------------------
ဖာလာစေ့တေွဟာ ဆီးရွှင်စေပြီးတော့ သေွးပေါင်ချိန်ကို လျော့နည်းစေရုံသာမက ကျောက်ကပ်အတွင်းရှိ ကယ်လ်စီယမ်နှင့် urea တို့ကိုလည်း ဖယ်ရှားပေးပါတယ်။ ဖာလာစေ့ကို မှန်မှန်သုံးစွဲပေးမယ်ဆိုရင် ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီး မကြာခဏသွားခြင်း စတဲ့ ပြဿနာတေွကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
#Ref( My Food news - ဖာလာစေ့နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)