
အရွယ်အစား သေးငယ်ပြီးတော့ လက်သည်းသာသာလောက်ပဲရှိတဲ့ လေးညှင့်ပွင့်တေွဟာ ချိုမြိန်ပြီး တစ်မျိုးလေး စူးရှတဲ့ ရနံ့ရှိလို့ ဟင်းချက်တဲ့အခါ ( သို့မဟုတ် )မုန့်ဖုတ်တဲ့အခါများတွင်လည်း အသုံးပြုလေ့ရှိပါတယ်။ ဟင်းချက်တဲ့နေရာမှာ သာမကပဲ သင့်ခန္ဓာကိုယ်ကို ကျန်းကျန်းမာမာနဲ့ ရောဂါပိုးများမှကင်းဝေးစေဖို့ ပြုလုပ်ရာတွင်လည်း အရေးကြီးအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အစွမ်းသတ္တိ အမြောက်အမြားပါဝင်ပြီး ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဖော့စ်ဖောရပ်စ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဗီတာမင်ကေနှင့်စီ၊ အိုမီဂါသရီး fatty acids၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တို့လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လေးညှင်းပွင့်တေွက ဘယ်လို ကောင်းကျိုးတေွပေးစွမ်းနိုင်သလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ သွားနာကျင်မှုကို သက်သာစေတယ်
----------------------------------------
လေးညှင်းဆီ အနည်းငယ်ကို ဂွမ်းလုံးပေါ်ဆွတ်ပေးပြီး နာကျင်နေသည့်သွားပေါ်နှင့် အနီးအနားက သွားဖုံးတေွကို ပွတ်ပေးပါ။ ဒါမှမဟုတ် လေးညှင်းပွင့်နှစ်ပွင့်ကို ကြိတ်ပြီး သံလွင်ဆီအနည်းငယ်ရောကာ နာကျင်နေသည့် နေရာပေါ်တွင် လိမ်းပေးနိုင်ပါတယ်။

၂။ ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးတယ်
-------------------------------------------
အာခံတွင်းအနံ့ဆိုးရွားစေတဲ့ ဘတ်တီးရီးယားများကို သတ်ပေးနိုင်လို့ လေးညှင့်ပွင့် အနည်းငယ်ကို ရိုးရိုးလေး ဝါးပေးပြီးနောက်မိနစ်အနည်းငယ်အတွင်း ခံတွင်းအနံ့ဆိုး လုံးဝပျောက်ကင်းသွာတာကို သင် တေွ့မြင်နိုင်မှာပါ။

၃။ မူးဝေအော့အန်မှုကိုလည်း ကုသပေးတယ်
------------------------------------------------
ကိုယ်ဝန်ဆောင်တဲ့ အချိန်ဖြစ်ပေါ်တတ်တဲ့ ရင်ထဲမကောင်းခြင်း၊ ၀မ်းကြီးနာဆွဲခြင်းတို့ကို ကုသဖြေရှင်းရန်အတွက် လေးညှင်းပွင့်များကို အသုံးပြုပေးနိုင်ပါတယ်။ လက်ကိုင်ပုဝါပေါ် လေးညှင်းဆီ အစက်အနည်းငယ်ချပြီး ရနံ့ကို ရှူရှုိက်ပေးနိုင်သလို လေးညှင်းတစ်ပွင့် ၊ နှစ်ပွင့်ကိုလည်း ဝါးပေးနိုင်ပါတယ်။

၄။ အစာခြေဖျက်ခြင်းကို အားကောင်းစေတယ်
--------------------------------------------------------------
လေးညှင်းပွင့်တွင် ပါဝင်သည့်အဆီများသည် ရောင်ရမ်းမှုကို လျော့ကျစေရန်နှင့် အစာအိမ်အတွင်းရှိ ဆိုးရွားသော ဘတ်တီးရီးယားများကို သေစေနိုင်ရန်အတွက် အထူးသက်ရောက်မှု ရှိပါတယ်။ သင်စားသောက်သည့်အစားအစာထဲတွင် လေးညှင်းပွင့် အနည်းငယ် ထည့်သွင်းပေးတာဖြစ်စေ၊ အစာစားပြီး ဝါးစားပေးတာပဲဖြစ်စေ လုပ်ဆောင်ပေးနိုင်ပါတယ်။

၅။ ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေတယ်
----------------------------------------------------------
စိတ်ရှုပ်ထေွးမှု ၊ အအေးမိ ဖျားနာခြင်းတို့ကြောင့် ခေါင်းကိုက်လာတဲ့အခါ လေးညှင်းအဆီက အမြန်ပျောက်ကင်းဖို့အတွက် ကူညီပေးနိုင်ပါတယ်။ လေးညှင်းအဆီအစက်အနည်းငယ်ကို အဝတ်အစ သို့မဟုတ် တစ်ရှူးပေါ်သို့ ချလိုက်ပြီး သေွးကြောပွင့်သွားစေရန် ၁၅ မိနစ်ကြာ ထားပေးပါ။ဒါဆို မကြာခင် ပိတ်နေတဲ့ သေွးကြောတေွ ပွင့်သွားပါလိမ့်မယ်။

၆။ ဝက်ခြံဖြစ်ခြင်းကိုလည်း ဖယ်ရှာပေးတယ်
---------------------------------------------------------
အမည်းစက်များ ၊ဆားဝက်ခြံများ၊ ဝက်ခြံများ၊ ယားယံခြင်း ၊ အသားအရေပြဿနာတေွကိုလည်း လေးညှင်းပွင့်က ဖယ်ရှားပေးနိုင်ပါတယ်။ လေးညှင်းဆီနဲ့ အုန်းဆီကို ၁:၁ဝ အချိုးအစားနဲ့ ပေါင်းစပ်ပြီးတော့ ဂွမ်းလုံးကို အသုံးပြု၍ ဖြစ်ပေါ်နေသည့် နေရာပေါ်သို့ တစ်နေ့ နှစ်ကြိမ် လိမ်းခြယ်ပေးနိုင်ပါတယ်။
#Ref( Good Health news - လေးညှင်းပွင့်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)