
အသီးအနှံတေွဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ကိုယ်ခံစွမ်းအားကို တိုးမြင့်ပေးတာ အသားအရေကို လှပစေတာ စတဲ့ အကျိုးတေွကို အသီးအနှံတေွကနေ ရပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဘယ်လို အသီးအနှံတေွက ကျန်းမာရေးအတွက် အကောင်းမွန်ဆုံး ဖြစ်မလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပန်းသီး
--------------
နံပါတ် ၁နေရာမှာ ရှိနေတာကတော့ ပန်းသီးပါ။ သာမန် ပန်းသီးတစ်လုံးမှာ ကယ်လိုရီ ရှစ်ဆယ် ပါဝင်ပြီးတော့ အမှျင်ဓာတ် ၃ ဂရမ်ပါဝင်တယ်လို့ သိရပါတယ်။ ဒါအပြင် ဗီတာမင် B1,B2,B6, ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်ပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် စတဲ့ ဓာတ်တေွလည်း ပါဝင်ပါသေးတယ်။

၂။ တရုတ်ဆီးသီး
-----------------
တရုတ်ဆီးသီးက ဒုတိယနေရာမှာ ရှိနေတာက အံ့သြစရာပါ။ မက်မွန်သီးနဲ့ ဆင်ဆင်တူတဲ့ တရုတ်ဆီးသီးမှာ ကိုလက်စရော ၅ဝ ဂရမ် ပါဝင်ပါတယ်။ ဒါတေွအပြင် အဓိကပါဝင်တဲ့ အရာကတော့ ဗီတာမင် A ပါ။ တကယ်လို့ သင်ဟာ တစ်နေ့ကို တရုတ်ဆီးသီး သုံးလုံးစားမယ်ဆိုရင် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကို ရရှိတယ်လို့ ဆိုပါတယ်။

၃။ ငှက်ပျောသီး
------------------
ငှက်ပျောသီးကတော့ နံပါတ် သုံးနေရာမှာ ရှိနေပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်ပြီး ပိုတက်စီယမ်က နှလုံးနဲ့ ကြွက်သားကောင်းမွန်ဖို့ အတွက် ကောင်းကောင်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်အပြီးမှာ ငှက်ပျောသီးကို စားပေးသင့်ပါတယ်။ ဒါတေွတင် မကသေးပါဘူး။ ငှက်ပျောသီးမှာ ဗီတာမင် B3, B6, A နဲ့ C တို့လည်း ပါဝင်ပါသေးတယ်။

၄။ ဘလက်ဘယ်ရီ
---------------
ဘလူးဘယ်ရီလိုပဲ ဘလက်ဘယ်ရီဟာလည်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ကယ်လိုရီ ရ၀ သာ ပါဝင်တာကြောင့် ဘလူးဘယ်ရီထက် ကယ်လိုရီပါဝင်မ ှုနည်းတယ်လို့ ဆိုနိုင်ပါတယ်။ အမှျင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်လွယ်လို့ ကိုယ်အလေးချိန် လျော့နေသူတေွအတွက် သင့်တော်တဲ့ အသီးလည်း ဖြစ်ပါတယ်။

၅။ သရက်သီး
------------
ရာသီစာဖြစ်တဲ့ သရက်သီးဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အသီးတစ်ခုပါပဲ။ သာမန်သရက်သီး အမှည့် တစ်လုံးမှာ ၁၃၅ ကယ်လိုရီ ပါဝင်ပြီး ချိုမြတဲ့ အရသာကို ပေးပါတယ်။ သရက်သီးဟာ သဘာဝအချိုဖြစ်တာကြောင့် သကြားဓာတ် အနည်းငယ်သာပါဝင်လို့ ဆီးချိုသမားတေွအတွက် သင့်တော်တဲ့ အသီးအနှံထဲမှာ ပါဝင်ပါတယ်။ ဗီတာမင် C လည်း ပါဝင်တာကြောင့် သရက်သီးပေါ်တဲ့ ရာသီမှာ သရက်သီးကို မဖြစ်မနေ နေ့တိုင်းနီးပါး စားကြဖို့ ကောင်းကောင်း တိုက်တွန်းချင်ပါတယ်။
#Ref( Irrawaddy news - အကောင်းဆုံးအသီးအနှံများဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)