
သင်္ဘောရွက်မှာ Phytonutrients ဓာတ်တေွ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် အားကောင်းစေတဲ့ Antioxidants ဓာတ်တေွလည်း ပါဝင်ပါတယ်။ ဒါအပြင် သင်္ဘောရွက်ကို ကျိုပြီးသောက်ရင် ဒီလို ကောင်းကျိုးတေွလည်း အများကြီး ရရှိစေပါတယ်။ ထိုကောင်းကျိုးတေွက ဘာတေွလဲဆိုတော့

၁။ အစာမကြေ ဖြစ်ခြင်းကို ဖြေရှင်းပေးတယ်
------------------------------------------------------------
အစာအိမ် အချဉ်ရည်အပေါ်ဆန်ခြင်း (Heartburn) ၊ အစာအိမ် နာခြင်းစသည့် အစာအိမ်ပိုင်းဆိုင်ရာ ပြဿနာတေွကို သင်္ဘောရွက်နဲ့ ကူညီ ဖြေရှင်းပေးလို့ရပါတယ်။
သင်္ဘောရွက်တေွမှာ ရှိတဲ ့အင်ဇိုင်းဓာတ်တေွက ပရိုတင်းနဲ့ ကစီဓာတ်တေွ ချေဖျက်မှုကိုလည်း ကူညီပေးပါတယ်။ ဒါအပြင် အစာအိမ်အတွင်းသားတေွရဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီးတော့ ဘက်တီးရီးယားတေွကိုလည်း ဖျက်ဆီးပေးပါတယ်။ တစ်နေ့ကို သင်္ဘောရွက် ရေနေွးကြမ်း ၂ ကြိမ်ကနေ ၃ ကြိမ် သောက်ပေးပါ။

၂။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်
---------------------------------------------
သင်္ဘောရွက်မှာ အားကောင်းတဲ့ Antioxidants ဓာတ်တေွ ပါဝင်တာကြောင့် ကင်ဆာလိုမျိုး ရောဂါတေွကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကျိတ်ကြီးထွားမှုကနေ ဖြစ်လာတဲ့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာစသည့် ကင်ဆာတို့ကို သင်္ဘောရွက် ရေနေွးကြမ်းကိုသောက်သုံးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

၃။ ဝက်ခြံ
------------
သင်္ဘောရွက်ကို ကြိတ်ပြီး ရလာတဲ့ အနှစ်ကို ရေအနည်းငယ်နဲ့ စပ်ကာ ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးပြီး ခြောက်အောင် ထားလိုက်ပါ။ ပြီးရင် ရေးဆေးချလိုက်ပါ။ ဒီလိုမျိုး ပုံမှန်လိမ်းပေးရင် တဖြည်းဖြည်းနဲ့ ဝက်ခြံပျောက်ကင်း သွားပါလိမ့်မယ်။

ပါဝင်ပစ္စည်း
-------------
သင်္ဘောရွက် အနည်းငယ်
ရေ
ပြုလုပ်နည်း
--------------
အရင်ဦးဆုံး ရေပွက်ပွက်ဆူတဲ့အထဲကို သင်္ဘောရွက် အနည်းငယ် ထည့်ပြီးတော့ အိုးထဲက ရေတစ်ဝက်လောက် ခမ်းသွားတဲ့အထိ တည်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်က ချပြီး အရည်ကို ချက်ခြင်းသောက်တာ ( သို့မဟုတ် ) သိမ်းထားပြီးမှလည်း သောက်လို့ရပါတယ်။
#Ref( ဆရာမျိုးထက်(မြင်းခြံ) - သင်္ဘောရွက် ရေနေွးကြမ်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)