ကိုယ်ဝန်ရှိတော့မှဖြစ်တဲ့ ဆီးချိုဆိုတာက နဂိုက ကိုယ်ဝန်မရှိခင်က မရှိထားဘဲ ကိုယ်ဝန်ဆောင်မှ သေွးဖောက်ကြည့်လိုက်တော့ သေွးချို၊ ဆီးချိုရှိနေတတ်ပါတယ်။ မေွးပြီးရင် ပြန်ပျောက်သွားတတ်ပါတယ်။ ကိုယ်ဝန်မှာမှဖြစ်တဲ့ ဆီးချို Gestational Diabetes Mellitus လို့ခေါ်ပါတယ်။ အဲဒီလိုလူမျိုးတေွက အသက်ကြီးလာရင် ဆီးချိုဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မေွးပြီးရင် ၆ ပတ်မှာ တစ်ခါပြန်စစ်ပြီး၊ နောက်ပိုင်း တစ်နှစ်တစ်ခါ စစ်သင့်ပါတယ်။ ဒါမှ ရှိလား၊ မရှိလားဆိုတာကို သိမယ်။ နောက်ထပ်ကိုယ်ဝန်အတွက်လည်း အဆင်ပြေမယ်ပေါ့နော်။ အဲဒီလိုကြိုသိပြီး ဂရုတစိုက် ကုသစောင့်ရေှာက်ရင်တော့ ရောဂါရဲ့ ရှုပ်ထေွးမှု နောက်ဆက်တွဲ ပြဿနာတေွ မဖြစ်တော့ဘူးပေါ့။
Ref: မေ့ရင်သေွးမဂ္ဂဇင်း (ပါမောက္ခ ဒေါက်တာတင်တင်ချိုနှင့် အင်တာဗျူးမှ ကောက်နုတ်ဖော်ပြသည်)