ဒန့်သလွန်ရွက်က သေွးတိုးကို ကျစေသလို ဒန့်သလွန်သီးဟာလည်း အစာအိမ်ရောဂါတေွကို ကုသရာမှာ အထူးထိရောက်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒန့်သလွန်သီး စားရင်းနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။ ထိုအကျိုးကျေးဇူးတေွက ဘာတေွလဲဆိုတော့
၁။ အသည်းကို ကာကွယ်ပေးတယ်
-----------------------------------------
ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ဖောလစ်အက်ဆစ်နဲ့ catechin တေွ ပါဝင်ပါတယ်။ ဒါကြောင့် ဒန့်သလွန်သီးဟာ ဆေးဝါးနဲ့ အခြားကိစ္စတေွကြောင့် ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့အတွက် ကောင်းကောင်း ကူညီပေးပါတယ်။
၂။ ပိုးသတ်ပေးတယ်
------------------------
ဒန့်သလွန်ရွက်ကို ဟင်းခါးအဖြစ် ချက်သောက်ရင် ဆေးဖက်ဝင်တယ်ဆိုတာ လူတော်တော်များများ သိကြပါတယ်။ ဒါအပြင် ဒန့်သလွန်ရွက်မှာ ပိုးသတ်ပေးတဲ့ ပစ္စည်းတေွလည်းပါဝင်ပြီးတော့ ဗိုက်အောင့်စေတဲ့ ဝမ်းတွင်းပိုးတေွကိုလည်း သေစေပါတယ်။
၃။ အသားအရေကိုလည်း ကောင်းစေတယ်
-----------------------------------------------------
ဒန့်သလွန်သီးက လုပ်ထားတဲ့ အဆီဟာ အသားအရေရဲ့ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အရေးအကြောင်း ဖြစ်တာတေွကို သက်သာစေပါတယ်။ ဒါအပြင် လူအများစုကတော့ ပြဒါးနဲ့ ဓာတ်သတ္တုတေွကြောင့် ဖြစ်ပွားတဲ့ အသားအရေပျက်ဆီးမှုကို ဒန့်သလွန်သီးအဆီ သုံးပြီးတော့ ကုသလေ့ရှိပါတယ်။
၄။ အစာအိမ်ရောဂါတေွကိုလည်း သက်သာစေတယ်
----------------------------------------------------------
ဒန့်သလွန်သီးက အစာအိမ်ရောဂါတေွကို ကုသရာမှာလည်း အထူးထိရောက်ပါတယ်။ ဒါအပြင် ဒန့်သလွန်သီးဟာ ဝမ်းရောဂါဖြစ်ပွားမှုတေွကိုလည်း ကာကွယ်ပေးပါတယ်။
၅။ ဆံပင်ကို သန်စေတယ်
----------------------------
နိုင်ငံအချို့မှာ ဒန့်သလွန်သီးဆီကို ဆံပင်သန်စွမ်းဖို့အတွက် လိမ်းကြပါတယ်။ ဒန့်သလွန်သီးဟာ ဦးရေပြားကို သန့်စင်စေရာမှာလည်း အလွန်ကောင်းမွန်ပါတယ်။ ဒါအပြင် နေရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ ဆံပင်ပျက်ဆီးမှုတေွကို ကာကွယ်ပေးပါတယ်။
#Ref( Good Health news - ဒန့်သလွန်သီးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)