အရပ်ပုလို့ စိတ်ညစ်နေတဲ့သူတေွအနေနဲ့ အမှန်တကယ် အရပ်ရှည်လာဖို့အတွက် အားစိုက်ပြီးတော့ သေချာလေး လုပ်ပေးမှ၊ ဇဲွရှိမှသာ ဖြစ်လာမှာပါ။ အရပ်ရှည်တဲ့ဆေးတေွ ဘယ်လောက်ပဲပေါ်ပေါ် တကယ်တမ်း ရှည်လာဖို့ဆိုတာက ခက်ခဲပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုရင်တော့ အရပ်ရှည်ဖို့ မြန်ချင်မှ မြန်မှာပါ။ တကယ်လို့ သင့်အနေနဲ့ အသက် ၁၉နှစ် ကျော်ပြီဆိုရင်တော့ အရပ်ရှည်ဖို့က သေချာလေးလုပ်ပေးမှ ဖြစ်တော့မှာပါ။
အဓိကကတော့ အရပ်ရှည်ချင်တဲ့သူတေွဟာ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတေွကိုပဲ အမြဲတမ်း စားသုံးပေးရမှာပါ။ ဒါကတော့ အရပ်ရှည်လာဖို့အတွက် အရေးအကြီးဆုံးအချက်ပါပဲ။ ဒါကြောင့် ပရိုတင်းဓာတ် အပြည့်အဝပါတဲ့ နွားနို့ကို တစ်နေ့နှစ်ခွက်သောက်ပြီး ကြက်ဥကိုတစ်နေ့နှစ်လုံး နေ့တိုင်းစားပေးပါ။ ပြီးရင် ထမင်းစားတဲ့အခါမှာတော့ ငါးသေးသေးလေးတေွနဲ့ ကြက်သား၊ အမဲသားတို့ကိုပဲ အဓိက စားသုံးပေးပါ။ အသီးအရွက်နဲ့ပဲအမျိုးမျိုးကိုလည်း စားသုံးပေးရပါမယ်။ ဒီအစားအစာတေွကိုစားပေးမယ်ဆိုရင်တော့ အရပ်က သိသိသာသာ ရှည်လာမှာပါ။
ဒါပေမယ့် သင့်အနေနဲ့ အဆီအစိမ့်များတဲ့ အစားအစာတေွကိုတော့ ရေှာင်ကြဉ် ရပါမယ်။ လူငယ်တော်တော်များများက အာလူးကြော်ကြိုက်ကြပေမယ့်လည်း ရေှာင်ရမယ့်ထဲမှာ ထိပ်ဆုံးက ပါနေတာပါ။ အရပ်ရှည်ချင်တဲ့သူတေွအနေနဲ့ နေထိုင်မှုပုံစံကိုလည်း ပြောင်လဲပေးဖို့လိုပါတယ်။ အထိုင်များနေရင်တော့ အရပ်ရှည်ဖို့ အလားအလာ မရှိပါဘူး။ ဒါကြောင့် လှုပ်လှုပ်ရှားရှားနေပါ။ လမ်းလေှျာက်ပါ။ ပြေးပါ။ ထိုင်တဲ့အခါမှာလည်း ခါးကိုမတ်မတ်ထားပြီး ခါးကို ဆန့်ထိုင်ပါ။ အိပ်တဲ့အခါမှာလည်း ခါးရိုးကို ဆန့်ပြီးတော့ ပက်လက်အနေအထားနဲ့ အိပ်ပါ။ ခြေထောက်ကိုလည်း ကေွးမထားဘဲ ဆန့်ပြီးအိပ်ပါ။ နောက်တစ်ခုကတော့ အိပ်ရေးဝဝ အိပ်ပေးရပါမယ်။ ဒီအချက်တေွက အရပ်ရှည်လာဖို့ ဒုတိယအရေးအကြီးဆုံးတစ်ခုပါပဲ။
ဒါအပြင် အရပ်ရှည်ချင်တဲ့သူတေွအနေနဲ့က အားကစားလည်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ Gym ဆော့ပါ။ ကိုယ့်ကိုသေချာ Training ပေးနိုင်တဲ့ဆရာတေွနဲ့ အရပ်ရှည်ဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတေွကို ပုံမှန်လုပ်ပေးပါ။ ဥပမာ ကြိုးခုန်ပေးတာမျိုးတေွနဲ့ ဘတ်စကတ်ဘော ကစားပေးတာ၊ ကြက်တောင်ရိုက်တာတေွကိုလည်း ကစားပေးဖို့ လိုပါတယ်။ ဒါတေွက သေချာဇဲွကောင်းကောင်းနဲ့ ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ သိသိသာသာကို အရပ်ရှည်လာမှာပါ။
အမှန်တကယ် အရပ်ရှည်ချင်ရင်တော့ အရပ်ရှည်ဆေးတေွ သောက်တာထက် ဒီအချက်သုံးချက်ကိုသာ သေချာလေး လုပ်ပေးရင် အရပ် ရှည်ကိုရှည်လာပါတယ်။ ဒါပေမယ့် တစ်ချက်တည်းပဲ ရေွးလုပ်လို့တော့ မရဘူးနော်။ ဒီအချက်သုံးချက်လုံးကို လိုက်နာမှသာ သိသိသာသာ ရှည်လာမှာပါ။
#Ref( My style news - အရပ်ရှည်ခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)