
အခုတလော ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်လိုက်ရင် သဘောအကျဆုံးကတော့ ဆံပင်ပါပဲ။ ဖေ့ဘုတ်ကနေ ပြထားတဲ့ ဆေးနည်းတစ်ခုကို စမ်းလုပ်ကြည့်လိုက်တာ ၂ကြိမ် ၃ကြိမ် လိမ်းကြည့်တာနဲ့ တဖြည်းဖြည်း သိသာလာတယ်။ ဆံပင်နှစ်ခွှဖစ်တာ ၊ ဆံပင်တေွကျှတ်တာ ၊ဆံပင် မသန်တာတေွကို သိပ်မကြာခင် ဆံပင် ပြန်ပေါက်စေပြီးတော့ တဖြည်းဖြည်းနဲ့ နက်မေှာင်သန်စွမ်းပြီး ဆံပင်ကို ပြန်ရှည်လာစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်တေွ့ အသုံးပြုနေတဲ့ ဒီဆေးနည်းလေးကို မိုမိုလေးပရိသတ်ကြီးအတွက် အခုလိုပဲ မှျဝေပေးလိုက်ပါတယ်။

ပြုလုပ်နည်း
---------------
၁။ အရင်ဦးဆုံး ရှားစောင်းလက်ပတ်´၂ချပ် ၃ချပ်လောက် ရှာပြီး ဘေးအစွန်းနှစ်ဖက်ကို ဖြတ်ပါ။ ပြီးရင် အနေတော် အတုံးလေးတေွ တုံးထားပါ။
၂။ အုန်းဆီစစ်စစ်( ၁၀ )သားကို မီးဖိုပေါ်တင် အပူပေးပြီး စောစောက တုံးထားတဲ့ ရှားစောင်းလက်ပတ်အတုံးလေးတေွကို ထည့်ပြီးတော့ ကြော်ပါ။ ခနနေ ရှားစောင်းလက်ပတ် ခပ်ဝါဝါ အရောင်လေး ပြောင်းလာပြီဆိုရင် ဇကာနဲ့စစ် ပြီးရင် ဆီပဲ ယူထားပါ။
၃။ ကြက်သွန်ဥနီ အနေတော်( ၂ )လုံးကို ထောင်းပါ ( သို့မဟုတ် ) Belender နဲ့ကြိတ်ပြီး ရေစစ်အသေးလေး ( သို့မဟုတ် ) ပိတ်ဖြူစနဲ့အရည်ညှစ်ချကာ စောစောက အအေးခံထားတဲ့ဆီထဲ ကြက်သွန်ဥနီအရည် လောင်းထည့်ပါ။
၄။ ပြီးရင် ရေမချိုးခင် ဦးရေပြားကို နိှပ်နှယ်ရင်း ခပ်ရွှဲရွှဲ လိမ်းပေးပါ။ ခနနေ မိနစ်(၂၀)လောက်ခဏထားပြီး ခေါင်းလေှျာ်ချလိုက်ပါ။
၅။ ဒါဆို ဆံပင်ခြောက်တာနဲ့ ကိုယ့်ဆံပင်က ဆံသားပျော့အိအိလေးနဲ့ ထူးခြားတဲ့အရသာလေးကို ခံစားမိလာလိမ့်မယ်။

ဒီလိုမျိုး ( ၂ )ခါ ( ၃ )ခါ လုပ်ကြည့်ရင်းနဲ့ မကြာခဏ လုပ်ပေးရင် ဆံပင်လေးက ထူထူသိပ်သိပ် ပြန်ဖြစ်လာပြီး သိသာထူးခြားတဲ့ ပြောင်းလဲမှုကြီးကို သင် ကိုယ်တိုင် သိသိသာသာ ခံစားလာပါလိမ့်မယ်။

သတိပြုချက်
---------------
အုန်းဆီ( ၁ဝ )သားကို ကြက်သွန်ဥနီ ( ၂ )လုံးပါပဲနော်။ ဆီနဲ့ကြက်သွန်ဥနီကို ဆတူ မရောလိုက်ပါနဲ့။ အရည်များသွားရင် အနံ့စွဲပြီး ရေသပ်သပ်ဆီသပ်သပ် ဖြစ်သွားတတ်တာကြောင့် အပေါ်မှာ ပြောထားတဲ့ နည်းလမ်းလေးအတိုင်းပဲ
အသုံးပြုပေးပါ။
#Ref( စပယ်ဖြူ(ဆေးဝါး) - ဆံပင်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)