တိုင်းရင်းဆေးနဲ့ပတ်သက််ပြီးတော့ သိမ်ဖြူဆရာတော်ကြီးရှိတုန်းက ဆရာမ လေ့လာဖူးသေးတယ်။ တိုင်းရင်းဆေး အမှန်အကန်တွေက အကျိုးရှိပါတယ်။ စွမ်းလည်း စွမ်းပါတယ်။ ဒါပေမယ့် အခုလူတွေက လေဆေး ဘာဆေး ကိုယ်ဝန်ရှိရင်သောက် သောက်ကြတယ်။ ဆရာမအတွေ့အကြုံအရတော့ အမေသောက်ရင် ကလေးကတော့ ဘာအကျိုးမှ မရှိဘူး။ အကျိုးမရှိတဲ့အပြင် အကျိုးယုတ်တာပဲရှိတယ်။ တကယ်လို့ ပါလာတဲ့ဆေးတေက ကိုယ့်အတွက်ကို မသင့်တော်ဘူးဆိုရင် ကလေးမှာ အများကြီးဖြစ်နိုင်တယ်။ ဝါသွားတာတို့ သွေးနည်းတာတို့ ဆရာမအတွေ့အကြုံအရတွေ့ဖူးတယ်။ ဒါကြောင့် မြန်မာဆေးတွေဘာတွေ စွဲသောက်တာရှိရင် ကိုယ်ဝန်ဆောင်ချိန်မှာ တားမြစ်တယ်။ မသောက်ပါနဲ့။ အစာကြေဖို့အတွက်ဆိုရင် ကိုယ်သိထားတဲ့ သောက်လို့ရှိရင် ဘေးမဖြစ်စေတဲ့ လေဆေးလေး ဘာလေး သောက်လို့ရတယ်။ အင်္ဂလိပ်ဆေးတိုင်းလည်း ကိုယ်ဝန်နဲ့မတည့်ပါဘူး။ ကိုယ်ဝန်နဲ့ဆို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေကို မေးမြန်းပြီးမှသောက်ပါ။ အင်္ဂလိပ် လေဆေးတွေမှာတောင်မှ ကိုယ်ဝန်ရှိရင် မသောက်ပါနဲ့ ဆိုပြီး တားမြစ်ထားတာရှိပါတယ်။
Ref: မေ့ရင်သွေးမဂ္ဂဇင်း (ဒေါက်တာတင်တင်ချိုနှင့် အင်တာဗျူးမှကောက်နုတ်ဖော်ပြသည်)