အအေးမိခြင်းကြောင့် သင် ချောင်းဆိုးခြင်းကို ခံစားနေရပြီလား။ ဒါအပြင် နှာခေါင်းကလည်း အသက်ရှူရတာ မသက်မသာဖြစ်နေပြီးတော့ အသံက အက်ကွဲသံဖြစ်နေပြီလား။ အအေးမိခြင်းကြောင့် ဖြစ်လာတဲ့အရာတေွက အဆိုးရွားဆုံးပါပဲ။ အအေးမိချောင်းဆိုးခြင်းကြောင့် အအိပ်ပျက်၊အစားပျက်၊ အလုပ်ပျက်ခြင်းတေွနဲ့လည်း ကြုံတေွ့လာရပါတယ်။ ဒါအပြင် လေထုညစ်ညမ်းမှုကြောင့်လည်း ချောင်းဆိုးခြင်းတေွ ဖြစ်လာနိုင်ပါတယ်။ ရာသီဥတု ဆိုးရွားလာတာနဲ့အမှျ ချောင်းဆိုုးခြင်းကို ကျွနု်ပ်တို့ ရေှာင်လွှဲလို့မရအောင် ကြုံလာရမှာဖြစ်ပါတယ်။
ချောင်းဆိုး အအေးမိခြင်းကြုံတေွ့ခဲ့ရင်လည်း အိမ်မှာတင် ပြုလုပ်လို့ရတဲ့ အကောင်းဆုုံးနည်း ရှိပါတယ်။ ဒါဆို အခုပဲ ချောင်းဆိုးခြင်းကို သက်သာသွားစေမယ် ဆေးရည်လေးနဲ့့ ကုသပေးလိုက်ကြရအောင်။ ဒီချောင်းဆိုးပျောက်ဆေးရည်ကို အိမ်မှာ ပြုလုပ်လို့ရအောင် ပါဝင်ပစ္စည်းတေွနဲ့ ပြုလုပ်နည်းတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-----------------
သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ခြစ်ပြီးသား ဂျင်း လက်တစ်ဆုတ်စာ
ရေတစ်ခွက်
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ငရုတ်ကောင်းမှုန့် လက်တစ်ဆုတ်စာ
ပန်းသီးအရက် ဗင်နီဂါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်နည်း
--------------
ပါဝင်ပစ္စည်းတေွကို အိုးထဲထည့်ပြီး ဆူပွက်လာသည့်တိုင်အောင် ရောနေှာမေွှပေးပါ။ ပြီးရင် ရောနေှာထားတဲ့အရည်ကို လေလုံတဲ့ ဖန်ပုလင်းတစ်ခုထဲ ထည့်ထားပါ။ ခနနေရင် သောက်လို့ ရပါပြီ။ ဒီဆေးရည်ကို သောက်သုံးဖို့ အကောင်းဆုံးနည်းကတော့ လည်ချောင်းထိရောက်အောင် မျိုချပေးပြီးတော့ ရေတစ်ခွက် သောက်ပေးပါ။
#Ref( Good health news - ချောင်းဆိုးခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)