ဖေဖေ မေမေတို့ရေ ရင်သေွးငယ်လေးတေွ အအေးမိ၊ ချောင်းဆိုးတဲ့အခါ ကိုယ့်ရဲ့နေအိမ်မှာ ဘယ်လိုပြုစုစောင့်ရေှာက်ဖို့ သင့်တယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်လေးပြန်လည် မှျဝေလိုက်ပါတယ်နော်။ ကလေးငယ်တေွ အအေးမိ၊ ချောင်းဆိုးတဲ့အခါ အစာမကျေွးတာ၊ အစားလေှျာ့ကျေွးတာတေွ မပြုလုပ်ရပါဘူးနော်။ နို့စို့ကလေးဆိုရင်လည်း မိခင်နို့ကို ဆက်ပြီးတိုက်ပေးပါနော်။ ကျေွးနေကြ အစားအစာတေွကို ပုံမှန်ကျေွးပြီး အရည်ကိုတော့ ပိုတိုက်ပေးဖို့လိုပါတယ်နော်။ နောက်ပြီး နာလန်ထချိန်မှာဆိုရင်လည်း ကျေွးနေကြတဲ့တစ်နပ်လောက် ပိုကျေွးသင့်ပါတယ်။ နှာခေါင်းပိတ်နေလို့ နို့စို့ဖို့ (ဒါမှမဟုတ်) အစာစားဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ သန့်ရှင်းတဲ့ ပိတ်စနုနုလေးကို ကတော့ပုံကျစ်ပြီး နှာခေါင်းကို သေချာ သန့်ရှင်းပေးပြုလုပ်ပေးနိုင်ပါတယ်။
နောက်ပြီး နှာမွှန်၊ ချောင်းဆိုးဖြစ််နေတဲ့ ကလေးငယ်ကို ဖေဖေ၊ မေမေတို့က ကိုယ့်သဘောနဲ့ကိုယ်ဆေးမတိုက်မိဖို့လည်း လိုပါတယ်။ အရက်၊ အိပ်ဆေး၊ မူးယစ်ဆေး၊ ဘိန်းစတာတေွပါတဲ့ ချောင်းဆိုးပျောက်ဆေးတေွရှိတတ်တာမို့လို့ အန္တရာယ်ရှိနိုင်ပါတယ်နော်။ နောက်ပြီး ကလေးငယ်ကို နေွးနေွးထားပေးပြီး ၀မ်း၊ သေးစိုတဲ့အဝတ်တေွကိုလည်း ဂရုတစိုက် လဲပေးသင့်ပါတယ်။
ဖေဖေ မေမေတို့ရေ ရင်သေွးငယ်လေးမှာ အသက်ရှူရခက်လာတာ၊ အသက်ရှူမြန်လာတာ၊ ကိုယ်ပူလာတာ၊ အရည်မသောက်နိုင်တာ၊ ကလေးကပိုပြီးတော့ နေမကောင်းဖြစ်လာတာ၊ အသက် ၂ လအောက် ကလေးငယ်ဖြစ်မယ်ဆိုရင် နို့ကောင်းစွာမစို့တော့တာတေွှဖစ်လာပြီဆိုရင််တော့ နီးစပ်ရာကျန်းမာရေးဝန်ထမ်းဆီကို နေ့ညမဆိုင်းဘဲ ပြသဖို့လိုအပ်ပါတယ်နော်။ ဒီလိုရာသီအကူးအပြောင်းမှာ ဖေဖေ၊ မေမေနဲ့ မိသားစုတေွအားလုံးက ရင်သေွးငယ်လေးတေွရဲ့ ကျန်းမာရေးအခြေအနေကို ဂရုတစိုက်နဲ့ အချိန်ပြည့်စောင့်ကြည့်ပေးပါလို့ ကျားလေးက အကြံပြုလိုက်ပါတယ်နော်။
Ref;HM (ကျားလေး)