ဟိုးအရင်တုန်းက လူနာတေွက ပေါင်ခွက်ညှပ်တယ်ဆိုရင် ဗိုက်ပြင်ရင်ပျောက်တယ်လို့ ထင်ကြတယ်။ အဲဒါ မှားတယ်။ ဒါက အနေအထား မမှန်တာလေ။ ဦးတိုက်တာ ခေါင်းပိုင်းနဲ့ဆိုရင် ကလေးခေါင်းကအရိုးနဲ့ အရိုးကွင်းကြီးနဲ့ ခိုက်မိတယ်ဆိုရင် ခေါင်းကောင်းကောင်း မဝင်သေးဘူးဆိုရင် အမြဲတိုက်မိနေမှာလေ။ နာနေမှာပေါ့။ အဲဒါက အတိုင်းအတာ တစ်ခုအထိပဲ။ ဥပမာ သုံးဆယ့်ရှစ်ပတ်ကျော်သွားတဲ့ သားဦးကိုယ်ဝန်တေွဆိုရင် အရိုးခါင်းက ၀င်သွားပြီ။ အဲဒီအချိန် မနာတော့ဘူး။ ကိုယ်ဝန်တိုင်းမှာတော့ နာကျင်ကိုက်ခဲတာကတော ့ရှိနေတာပဲ။ သာမန်လူလိုတော့ ဘယ်ဟုတ်မလဲ။ သူ့ထဲမှာ လှုပ်ရှားနေတဲ့ ကလေးတစ်ယောက်ရှိနေတယ်။ အဲဒါတော့ နားလည်ပေးရမယ်။
အိပ်ကောင်းခြင်း မအိပ်ရဘူး။ စားကောင်းခြင်း မစားရဘူး။ သူကလှုပ်နေတော့ ကိုယ်ကမအိပ်ရဘူး။ ဒါက အမေတေွရဲ့ ဒုက္ခတေွပေါ့။ ကိုယ်ဝန်ဆောင်ပြီးတဲ့ အမေတိုင်း ဒီဝေဒနာကို ခံစားရဖူးပြီးသား ဖြစ်လိမ့်မယ်။ ဒါကတော့ ကိုယ့်ဘာသာကိုယ် ဒီလိုဖြစ်တတ်တာ ဓမ္မတာဆိုတာကိုတော့ နားလည်ထားရမယ်လေ။
ဗိုက်ပြင်တဲ့အတွက် ဘာဖြစ်မလဲဆိုရင် လူနာတစ်ယောက် ဗိုက်ပြင်လိုက်တာ အပြင်သေွးကြောကြီး ပေါက်ထွက်သွားတယ်။ အချိန်မတန်ခင်မှာ ကလေးကို မေွးလိုက်ရတယ်။ သုံးဆယ့် နှစ်ပတ် ၊ သုံးဆယ့် သုံးပတ်လောက်မှာ။ ပြီးတော့ သားအိမ်ထုတ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေွးကြောမကြီး ပေါက်သွားလို့။ ဒါကြောင် ့ဆရာမတို့ ကိုယ်ဝန်စမ်းရင်တောင်မှ အသာအယာပဲ ကိုင်ရတယ်။ ဒါက ဦးခေါင်းလား ဒါက ဆုံပိုင်းလားဆိုတာကို ကိုယ့်အတေွ့အကြုံနဲ့ကိုယ် လေ့လာပြီး ဆုံးဖြတ်ပြီး ကြည့်သွားတာလေ။ အတင်းကြီးကို ဖိပစ်လိုက်မယ်တို့ တွန်းပစ်လိုက်မယ်တို့ ဆိုတာမလုပ်ရဘူးလေ။ ဗိုက်ပြင်တာကိုတော့ တားမြစ်တယ်။ ရေှာရေှာရှူရူမေွးအောင် ဗိုက်ပြင်တယ်ဆိုတာလည်း မှားယွင်းတဲ့ အယူအဆပဲ။ အဲဒါတော့ မပြင်ဖို့ တားမြစ်ချင်တယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း (ဒေါက်တာတင်တင်ချို၏ ဆောင်းပါးမှကောက်နုတ်ဖော်ပြသည်)