စျေး မီဒီယာ
အခြား

ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတာကို သိသိသာသာ ပြသနေတဲ့ လက္ခဏာ ( ၇ ) ခု

Posted by Zaw Lin Aung March 26, 2020
Za3txgbglubusyr3o2fg

သွားနဲ့ခံတွင်းဆိုတာ တကယ် ဂရုစိုက်သင့်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ခံတွင်းကျန်းမာမှ အနံ့ဆိုးခြင်း၊ သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါတေွ ဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပြီးတော့ အသက်ကြီးတဲ့အထိ သွားကျန်းမာမှာပဲ ဖြစ်ပါတယ်။ ခံတွင်းမကျန်းမာရင် သို့မဟုတ် သွားဖုံးရောဂါရှိနေရင် နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ ဆီးချိုမထိန်းနိုင်ခြင်း ၊ လမစေ့ဘဲ ကလေးမေွးခြင်းတိို့လို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတေွ အများကြီး ဖြစ်လာစေနိုင်ပါတယ်။လက္ခဏာတစ်ခုခု ဖြစ်လာရင် တော်တော်များများက ဆေးသောက်လိုက်ဖို့ပဲ အာရုံစိုက်ကြပြီး တကယ့်အကြောင်းရင်းဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကိုတော့ မေ့နေကြတတ်ပါတယ်။ ဒါကြောင့် သင့် အနေနဲ့ ဒီလက္ခဏာမျိုးတေွ ဖြစ်လာရင်တော့ သွားနဲ့ခံတွင်းမှာ ပြဿနာရှိနေပြီလို့သာ သိလိုက်ပါတော့ –

Hwimfq4b6px31ydg81fr

၁။ သွားကိုက်ခြင်း
-----------------------

သွားကိုက်တာက အဖြစ်များကြတဲ့ ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆိုရင် ပါးတေွရောင်၊ သွားဖုံးတေွရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့် ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Euac8umter0zhrendbpu

၂။ သွားကျဉ်ခြင်း
----------------------

အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် သွားမှာ ပျက်စီးနေပြီ၊ ကျိုးပဲ့နေပြီ၊ သွားကြေွလွှာတေွ ပါးကုန်ပြီး ဒါမှမဟုတ် သွားအမြစ်ကိုပါ ထိခိုက်နေပြီဆိုတဲ့ ရလဒ်တေွအထိ ဖြစ်လာနိုင်တဲ့လက္ခဏာ အစပါ။

Ju5bpwpuezpn6kkzldr0

၃။ သွားဖုံး သေွးယိုခြင်း
---------------------------------

သွားဖုံးက ခဏခဏ သေွးထွက်တယ်၊ နာနေတယ်ဆိုရင် gingivitis သွားဖုံးရောဂါ လက္ခဏာဖြစ်နိုင်ပါတယ်။ တစ်ခါတလေ မဟုတ်ဘဲ သွားတိုက်တိုင်း သေွးထွက်တာ သို့မဟုတ် ထိတာနဲ့ထွက်တာ၊ ရောင်လာတာဆိုရင် ဆရာဝန်နဲ့ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

Emqpbzemfxyafdb2y4gr

၄။ ပါးစပ်အနာများ
-----------------

ခံတွင်းမှာ ဖြစ်တဲ့အနာတေွ ၊ အတွင်း ပါးစောင်မှာ အဖြူကွက်တေွှဖစ်တာ၊ မိှုပိုးဝင်တဲ့အနာတေွ ဖြစ်တတ်ပါတယ်။ တစ်ချို့က မသိမသာ ဖြစ်ပေမယ့် ဆိုးရွားလာတဲ့အခါ ရောဂါတစ်ခုခု သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် မှုိပိုးဝင်ခြင်း၊ သွားတု(စိုက်ထားတဲ့သွား၊ အံကပ်၊ သွားဖာထားခြင်း) တေွကြောင့် ဖြစ်လာတဲ့ပြဿနာတေွရဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ တစ်ပတ်နဲ့အထက် ပိုကြာလာတဲ့ခံတွင်းအနာတေွဆို ဆရာဝန်ပြသဖို့ လိုပါတယ်။

Nwexq0ggyavpxfnmc8g4

၅။ ခံတွင်းနံ့ဆိုးခြင်း
---------------------------

ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစာတေွကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထေွးခန်း ခြောက်တာကြောင့်၊ ဆေးလိပ်သောက်တာကြောင့် ၊ တစ်ခြားရောဂါတေွကြောင့် စတဲ့အကြောင်းရင်းတေွ ပါဝင်ပါတယ်။ သွားပြေးတိုက်ပြီးတာတောင် ခံတွင်းနံ့ဆိုးနေတာက တာရှည်လာရင် သွားဖုံးရောဂါလက္ခဏာ ဖြစ်လာနိုင်ပါတယ်။

Jfy8jsl3zw00ikxl1i9p

၆။ သွားမှာ ပြဿနာပေါ်လာခြင်း
------------------------------------------

သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့လို ပုံမှန်မဟုတ်တဲ့ လက္ခဏာတေွ ဖြစ်လာတတ်ပါတယ်။ သွားက ရှည်ထွက်လာသလိုထင်ရတာက သွားဖုံးတေွ ကျုံ့သွား/တိုသွားတာကြောင့် ဖြစ်နိုုင်ပါတယ်။ဒါတေွက သွားဖုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပေမယ့် သွားကျှတ်တဲ့အဆင့်ကိုရောက်ရင်တော့ အန္တရာယ်အဆင့်ကို ရောက်နေပြိီပဲ ဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတေွနဲ့ မေးရိုးကို ထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံး ကုသဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတေွက အခန့်မသင့်ရင် အသက်ရှူလမ်းကြောင်းရောဂါတေွ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားရောဂါတေွ ဖြစ်လာနိုင်လို့ပါပဲ။

Fhtztdw6iwcu1l4pkdnz

၇။ သွားအရောင် ပြောင်းလာခြင်း
--------------------------------------------

သွားအရောင်ပြောင်းလာစေတဲ့အကြောင်းအရင်းထဲမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်တာများလို့၊ ဆေးလိပ်သောက်လို့၊ အသက်အရွယ်ကြောင့်၊ မျိုးဗီဇကြောင့်၊ ထိိခိုက်မှု သို့မဟုတ် ဆေးဝါးတေွကြောင့်စတဲ့ အကြောင်းရင်းတေွလည်း ပါဝင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီလက္ခဏာတေွရှိနေရင်တော့ သွားမှန်မှန်တိုက်ပြီး သန့်ရှင်းရေးကို သေချာ ဂရုစိုက်သင့်ပါပြီ။
#Ref( ဟယ်လို - သွားနဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.