ထမင်း အသက် ခုနစ်ရက်၊ ရေ အသက် တစ်မနက် ဆိုတဲ့ ရေှးစကားလည်း ရှိပါတယ်။ လူသားတေွအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ် လိုအပ်ပါသလဲ……
၁။ ဦးနေှာက် ရဲ့ ရ၅ရာခိုင်နှုန်း ကို ရေဓာတ် နဲ့ ဖွဲ့စည်း တည်ဆောက် ထားပါတယ်။
၂။ ခန္ဓာကိုယ်တွင်း အပူချိန်ကို မှျတစေပါတယ်။
၃။ သေွး ရဲ့ ၈၃ ရာခိုင်နှုန်း က အရည်ဓာတ်များဖြစ်ပါတယ်။
၄။ ကြွက်သားကို ရေဓာတ် ရ၅ ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားပါတယ်။
၅။ အရိုး ထဲမှာ ရေဓာတ် ၂၂ရာခိုင်နှုန်း ပါရှိပါတယ်။
၆။ ခန္ဓာကိုယ် ထဲသို့ရောက်ရှိ လာတဲ့ အစားအစာတေွကို ခွန်အား အဖြစ်ပြောင်းလဲပေး ပါတယ်။
ရ။ ခန္ဓာကိုယ် ထဲမှာ ပိုလှျံပြီး မလိုလားအပ်တဲ့ အရည်တေွ နဲ့ အဆိပ်အတောက်တေွ ကို ဆီး၊ ဝမ်း၊ သေွး ၊ ချေှး၊ ချှဲသလိပ် အဖြစ် စွန့်ထုတ်ပေး ပါတယ်။
၈။ ခန္ဓာကိုယ် အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။
၉။ အသက်ရှုူခြင်းကို အထောက်အပ့ံ ဖြစ်စေပါတယ်။
၁ဝ။ အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှလည်း သက်သာစေပါတယ်။
၁၁။ ခန္ဓာကိုယ် တွင်း ဆဲလ်များကို အောက်ဆီဂျင် မပြတ်လပ်စေတော့ပါဘူး။
၁၂။ သက်လုံကို ကောင်းစေပါတယ်။
၁၃။ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
၁၄။ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ စိတ်ကို ကြည်လင် လန်းဆန်းစေပါ တယ်။
၁၅။ ကင်ဆာဖြစ်နိုင်ခြေအလားအလာ ကို လျော့ပါး သွားစေပါတယ်။
၁၆။ အမောအပန်း ခံနိုင်ပြီးတော့ လေ့ကျင့်ခန်း ကြာကြာလုပ်နိုင်လာပါတယ်။
၁၇။ အသားအရေကောင်းပြီးတော့ အရွယ်တင် နုပျိုစေပါတယ်။
၁၈။ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါတို့ကို သက်သာစေပါတယ်။
၁၉။ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။
ဘယ်အချိန်များ က ရေသောက်ရန် အသင့်တော်ဆုံး အချိန်များ ဖြစ်ပါသလဲ…
ရေခဲရေ နဲ့ ရေနေွးတေွကို မဆိုလိုပါ။ (ရိုးရိုးသောက် ရေသန့် ကိုသာ သောက်ပါ)
------------------------------------------------------------------------------------------
၁။ တစ်ညတာလုံး ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လံှု့ဆော်ပေးဖို့ နံနက်စောစော အိပ်ရာထတာနဲ့ သောက်ရေနှစ်ခွက် သောက်ပေးရပါမယ်။
၂။ အစာကြေညက်စေဖို့အတွက် ထမင်း မစားခင် နာရီဝက်ကြိုတင်၍ ရေတစ်ခွက် ပုံမှန် သောက်ပေးရပါမယ်။
၃။ သေွးခုန်နှုန်း မှန်စေရန် နဲ့ သေွးကျစေဖို့ ရေ မချိုးခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
၄။ လေဖြတ်/နှလုံးရောဂါတေွ မဖြစ်အောင် ည မအိပ်ခင် ရေတစ်ခွက် ပုံမှန် သောက်ပေးရပါမယ်။
၅။ အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်သားတေွ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက် တစ်ရေးနိုးတဲ့ အခါ ရေထ သောက်ပေးပါ။
ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန် ဖြစ်ပါသလဲ…..
-------------------------------------------------------------------
အမေရိကန် ကျန်းမာရေးသုတေသီတေွရဲ့စစ်တမ်းများ အရ ကမ္ဘာပေါ် မှာ တရုတ်နဲ့ ဂျပန်လူမျိုးတေွမှာ အူကင်ဆာရောဂါ ဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်းကတော့ ထိုလူမျိုးတေွက ထမင်းစားနေစဉ်မှာ ရေခဲရေ / ရိုးရိုးရေအေး မသောက်ကြဘဲ ရေနေွးဖြူ ( သို့မဟုတ ်) လက်ဖက်ရည်ကြမ်းပူပူကိုသာ သောက်သုံးလေ့ ရှိလို့ပါပဲ။
အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့ အဆီအနှစ်တေွက (ဥပမာ ပြရရင် ရေခဲရေ နဲ့တေွ့တဲ့အခါ ဟင်းအဆီတေွက ) အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ရွှံ့စေး အနယ်အနှစ်များ သဖွယ် ခဲပျစ် သွားတတ်ကြပြီးတော့ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ပဲ အူကင်ဆာဖြစ် လာစေပါတယ်။ ဒါအပြင် ထမင်းဟင်း ပူပူ စားရင်း ရေခဲရေအေးအေး သောက်လိုက်တဲ့အခါ များ မှာလည်း အပူ အအေး တစ်ပြိုင်နက်တည်း တေွ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက် ကမဖြစ်လာပြီးတော့ ဗိုက်နာ ၊ ဗိုက်အောင့် စေပါတော့တယ်။