စကားထစ်ခြင်းအကြောင်း မိဘများကို ရှင်းပြရမည်။ နည်းနည်းပါးပါးဖြစ်တာ ပြဿနာမရှိကြောင်း၊ စိတ်လှုပ်ရှားမှုရှိလှျင် ပုံမှန်ကလေးများပင် စကားထစ်နိုင်ကြောင်း အားပေးစကားပြောရမည်။ အသက် ၅နှစ် ကျော်လှျင် ၈၀% သည် သူ့အလိုလိုပျောက်သွားနိုင်ပါသည်။ အသက်ကြီးသည်အထိ မပျောက်သေးလှျင်လည်း ဘာသာစကားကုသကျှမ်းကျင်သူ တစ်ယောက်အကူအညီနှင့် ပုံမှန်ဖြစ်လာနိုင်ပါသေးသည်။
စကားထစ်ခြင်း စ ဖြစ်ပြီး ၁၅ လအတွင်း ကုသလှျင် ပျောက်ကင်းဖို့ ပိုလွယ်သည်။ အသက် ၅ နှစ် နောက်ပိုင်းမှ ကုသလှျင် အနည်းငယ် ခက်ခဲသွားပေမည်။ စကားထစ်ခြင်းနှင့်အတူ မျက်တောင်ခတ်ခြင်း၊ နှုတ်ခမ်းတွန့်ခြင်း စသည့် နောက်ဆက်တွဲလက္ခဏာများရှိပါကလည်း ကုသမှုကြာတတ်ပါသည်။
ကလေးကို မိမိကိုယ် ယုံကြည်မှုရရှိရန် အားပေးစကားပြောကြားပါ။ စကားပြောလှျင် ရင်ကော့၊ ခေါင်းမော့ပြီး မျက်လုံးချင်းဆိုင် စကားပြောစေရမည်။ စကားထစ်တာ ရှက်စရာ မဟုတ်ပါ။ စကားထစ်တာ သိမှာစိုးလို့ဆိုပြီး စကားပြောခြင်းကို မရေှာင်လွှဲဖို့ ပြောကြားရမည်။
အိမ်မှာ ပိုမိုစကားပြောခိုင်းပြီး အိမ်သားအားလုံးကလည်း ဂရုစိုက် နားထောင်ပေးရမည်။ စိတ်ဖိအားများချိန်တွင် အတင်းမတွန်းပါနှင့်။ မဆူရ၊ မလေှာင်ပြောင်ရပါ။ အရေးကြီးပါသည်။ အသက်မှန်မှန်ရှူပြီး ဖြည်းဖြည်းနှင့် အေးအေးဆေးဆေး ပြောစေရမည်။ မိဘများ၏ တာဝန်သည် ကလေး စကားပြောစဉ် စကားဆုံးအောင် စိတ်ရှည်လက်ရှည် စောင့်ပြီး နားထောင်ရမည်။ ဖြတ်ပြီး စကားလုံးဖြည့်စွက် မပေးရပါ။ တစ်ဆက်တည်း ပြောနိုင်သွားသည့်အခါများတွင် ချီးမွမ်းပေးရမည်။ လွယ်သည့် စကားလုံးများကို သင်ပြီးမှ ခက်သည့်စကားလုံးများကို တဖြည်းဖြည်း သင်ပေးရပါမည်။
မှန်မှာ ကြည့်ပြီး စကားပြောခိုင်းပါ။ တစ်ကိုယ်တည်း စကားပြောတာကို အသံသွင်းထားပြီး ပြန်နားထောင်ခိုင်းကြည့်ပါ။ သာမန်အချိန်လောက် စကားမထစ်သဖြင့် ယုံကြည်မှုပိုရစေနိုင်သည်။ Electronic Fluency Device ခေါ် အီလက်ထရွန်နစ် စကားပြော ချောမေွ့စက်များနှင့် နားကြပ်တပ် လေ့ကျင့်ပါက မိမိစကားပြောသံကို ပြောင်းလဲပြီး ကြားစေသဖြင့် လေ့ကျင့်ရာတွင် ယုံကြည်မှု ပိုဖြစ်စေနိုင်သည်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း (ဒေါက်တာအောင်ကြည်ဝင်း၏ ဆောင်းပါးမှကောက်နုတ်ဖော်ပြသည်)