ကိုယ်ဝန်ဆောင်ကာလမှာ တင်ပါးခွက်တင်မက ရိုးကွင်းပတ်ချာလည်မှာရှိတဲ့ အရိုးအဆက်တေွ၊ ခါးရိုးအဆစ်တေွ နာတတ်ပါတယ်။ အထူးသဖြင့် အရေှ့ဘက်မှာ ဆီးခုံရိုး ၂ ခုဆက်တဲ့နေရာ၊ အနောက်ဘက်မှာ တင်ပါးခွက်အရိုးနဲ့ မြီးညေှာင့်ရိုးဆက်တဲ့နေရာတေွမှာ အဆက်တေွဟာ ကိုယ်ဝန်မရှိတဲ့အချိန်မှာ ခန္ဓာကိုယ် ဘယ်လောက်လှုပ်ရှားလှုပ်ရှား လိုက်လှုပ်ရှားလေ့မရှိပါဘူး။ ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ထွက်တဲ့ဟော်မုန်းတေွကြောင့် ဒီနေရာတေွမှာ ဆက်ပေးထားတဲ့ အရွတ်တေွဟာ ပျော့ပြောင်းပြီး လျော့ရဲလာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်လှုပ်ရှားတိုင်း လိုက်လှုပ်ရှားတတ်ပါတယ်။ ရုတ်တရက် ဖိုးကနဲ ဆတ်ကနဲ လှုပ်ရှားရင် အရွတ်တေွ နာသွားတတ်ပါတယ်။ တင်ပါးခွက်အရိုးနဲ့ မြီးညေှာင့်ရိုးဆက်တဲ့ နေရာတေွမှာ အဆက်က အရွတ်နာသွားရင် အိပ်ရာထဲ အလှည့်အစောင်းမှာ နာတတ်ပါတယ်။ ဆီးခုံရိုး ၂ ခုဆက်တဲ့နေရာက အရွတ်နာသွားရင် ခြေလှမ်းလှမ်းတိုင်း နာတတ်ပါတယ်။ ခါးဆစ်အဆက်တေွက အရွတ်တေွ နာသွားရင်တော့ ခါးနာတတ်ပါတယ်။ ဒါကြောင့် လူကြီးသူမများ ပြောလေ့ရှိတဲ့ စကားဖြစ်တဲ့ "ကိုယ်ဝန် မပေါ့မပါးနဲ့ သတိထားသွားလာပါ"ဆိုတာ သိပ်မှန်ပါတယ်။ ဖြစ်ပြီးသွားရင် မမေွးမချင်း နာနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးက ဆက်လက်ကြီးထွားပြီး မေွးထွက်ရာလမ်းကြောင်းကို တွန်းကန်နေမှာ ဖြစ်လို့ပါ။ အနေအထိုင်လေး ဆင်ခြင်လိုက်ရင် သတိထားပြီး လှုပ်ရှားလိုက်ရင် သက်သာသွားမှာပါ။ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်ဘာသာ ဆေးမသောက်ပါနဲ့။
Ref: မေ့ရင်သေွး မဂ္ဂဇင်း