
အရိုးအဆစ်တေွ သန်မာချင်ရင် ၊ကျန်းမာချင်ရင် နေ့စဉ် နို့တစ်ခွက်လောက် သောက်ပါ ။ အဲစကားစုလေးက နွားနို့ ကြိုက်တဲ့သူတေွအတွက်တော့ တကယ့်ကို ဝမ်းသာစရာပဲနော်။ ဒါဆို နွားနို့နဲ့ မတည့်တဲ့သူ ၊ ဒါမှမဟုတ် နွားနို့သောက်ရတာ မကြိုက်တဲ့သူတေွအတွက်ရော။ သူတို့တေွအတွက် နွားနို့်နေရာမှာ အစားထိုးပြီး သောက်လို့ရတဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ပဲနို့ပါ။ အခုနောက်ပိုင်း စျေးကွက်ထဲမှာ တွင်ကျုယ်စွာ ရောင်းချနေကြပြီးတော့ လူတိုင်းနီးပါး နှစ်သက်စွာ သောက်နေကြတဲ့ အစားအစာတစ်ခုပါပဲ။ဒါဟာ နို့နှင့် နို့ထွက် ပစ္စည်းတေွနဲ့ မတည့်သူတေွအတွက် ရေွးချယ်စရာတစ်ခု။ နို့လိုပဲ အာဟာရဓာတ်တေွှကွယ်ဝလို့ ကျုန်းမားရေးအတွက်အထောက်အကူပြု လူကြိုက်များ သောက်လို့ကောင်းနေတဲ့ ပဲနို့ မှာ ဘာကောင်းကျိုးတေွ ရှိသလဲ။ ဒီပဲနို့ သောက်ခြင်းက ဆိုးကျိုးတေွရော ဖြစ်လာစေနိုင်လားဆိုတာ သိချင်ကြမယ်ထင်လို့ ဒီတစ်ခါမှာတော့ ပဲနို့ရဲ့ကောင်းကျိုး၊ ဆိုးကျိုးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

ပဲနို့၏ ကောင်းကျိုးများ
--------------------------
၁။ လက်တို့စ် (lactose) ဓာတ်မပါခြင်း
----------------------------------------
နွားနို့မှာ လက်တို့စ် (lactose)လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီ လက်တို့စ် (lactose) ဓာတ်ကို တည့်တဲ့သူ တေွ ရှိသလို မတည့်တဲ့ သူတေွလည််း အများကြီးပါ။ ပုံမှန်လူတေွအတွက်တော ့ကိစ္စမရှိပေမယ် ့မတည့်သူတေွ အတွက်ကတော့ နွားနို့သောက်လိုက်တိုင်း ပါလာတဲ ့ လက်တို့စ် (lactose) ကို ကိုယ့်ခန္ဓာက မချေဖျက်နိုင်ဘဲ နို့သောက်တိုငး် ဝမ်းလေှျာတာ၊ ပျို ့အန်တာ ၊ ဗိုက်အောင့်တာ ၊ လေထိုးလေအောင့်တာတေွ ဖြစ်တတ်ပါတယ်။ နို့က ရတဲ့ အာဟာရတေွကို လိုချင်ပေမယ့် မတည့်တော့ စိတ်ညစ်ရတာပေါ့ ။ ဒါပေမယ့် ဝမ်းသာစရာတစ်ခုကတော့ ပဲနို့ ရှိနေခြင်းပဲ ဖြစ်ပါတယ်။ ပဲနို့မှာလညး် နွားနို့လိုပဲ အာဟာရဓာတ်တေွ ကြွယ်ဝစွာ ပါဝင်ပြီး လက်တို့စ် (lactose) ဓာတ်လည်း မပါဝင်တာကြောင့် ပဲနို့ဟာ နွားနို့နဲ့ မတည့်တဲ့သူတေွအတွက်တော့ ရေွးချယ်စရာ တစ်ခုပါ။

၂။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါခြင်း
-----------------------------------------------------------------------
ကိုယ်ခန္ဓာ အတွက် ပရိုတင်းဓာတ် ပြည့်ဝစွာလိုချင်ရင်တော့ နေ့တိုင်းစားတဲ့ အစားအသောက်တေွထဲမှာ ပဲနို့ကိုလညး် တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်လို့ရပါတယ်။ ပဲနို့မှာ အသားဓာတ် ပရိုတင်းမဟုတ်ဘဲ အပင်ကရတဲ့ ပရိုတင်းဓာတ်တေွ ကြွယ်ဝစွာ ပါပါတယ်။ ပရိုတင်းပါတယ်ဆိုမှတော့ အမိုင်နိုအက်ဆစ် (amino acid) ၉ မျိုးလည်း ပါတာပဲမို့ ပဲနို့သောက်လိုက်ရင် ကိုယ်ခန္ဓာ ခုခံအားကို တက်စေပြီးတော့ အားအင်ပြည့်ဝစေပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ ပရိုတင်း ရ ဂရမ်ပါပါတယ်။ ဒါဟာ ကျန်းမာချင်တဲ့သူတိုင်းအတွက် သောက်သင့်တဲ့ အစားအစာ တစ်ခုပါပဲနော်။

၃။ ကယ်လ်စီယမ် နှင့် သံဓာတ်များ ပါဝင်ခြင်း
----------------------------------------------
နေ့စဉ်စားသောက်တဲ့ အစားအစာတေွထဲမှာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတေွ သိပ်မပါဘူးဆိုရင် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ကို အရိုးတေွထဲကနေ ကိုယ်ခန္ဓာက ယူမှာဖြစ်လို့ အချိန်ကြာလာတာနဲ့ အရိုးအတွက် အာဟာရဓာတ်တေွ လျော့နည်းလာပြီး အရိုးသန်မာခြင်းတေွ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာမှာပဲ ဖြစ်ပါတယ်။ အရိုးကိုယ်တိုင်ကလညး် ကယ်လ်စီယမ်ကို လိုအပ်ပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ ကယ်လ်စီယမ် ၂၉၉ မီလီဂရမ်ပါလို့ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ဓာတ်ရဲ ့ ၃၀% ပဲနို့မှာ ပါပါတယ်။ ဒါကြောင့် ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတေွလညး်စား ပဲနို့လေးလည်း သောက်မယ်ဆိုရင် သင်ရော သင့်အရိုးရော ကျန်းမာသန်စွမ်းနေမှာပဲ ဖြစ်ပါတယ်။ ပဲနို့မှာ ပါဝင်တဲ့ သံဓာတ်ကလညး် သေွးနီဥလေးတေွကို ကောင်းကောင်း အာဟာရပြည့်စေလို့ သေွးနီဥလေးတေွ သယ်သွားပေးတဲ့ အောက်စီဂျင်ကို ကိုယ်တွင်းရှိ ဆဲလ်တေွ အားလုံးပြည့်ဝစွာ ရကြပါတယ်။ သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာ သံဓာတ် ၁.၁ မီလီဂရမ်ပါလို့ အမျိုးသားရော အမျိုးသမီးပါ နေ့စဉ် လိုအပ်တဲ့ သံဓာတ်ရဲ ့ ၁၄ % နှင့် ၆ % အသီးသီးစီ ပါပါတယ်။ဒါအပြင် ပဲနို့မှာ Riboflavin and Vitamin B-12 တေွလည်း ပါပါတယ်။ ပဲနို့မှာ ပါဝင်တဲ့ ဗီတာမင်ဘီ အုပ်စု အထူးသဖြင့် Riboflavin နဲ ့ Vitamin B-12 က အာရုံကြောစနစ်ကို အားဖြည့်ပေးပြီးတော့ ဆဲလ်တေွ မှာရှိတဲ့ DNA ထိခိုက်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။ ဒါအပြင် ပဲနို့တစ်ခွက်မှာ Riboflavin ၀.၅၁ မီလီဂရမ်ပါလို့ အမျိုးသားတေွ လိုအပ်တဲဲ့ Riboflavin ရဲ ့ ၃၉% နဲ ့အမျိုးသမီးတေွ လိုအပ်တဲ့ Riboflavin ရဲ့ ၄၆% ပါပါတယ်။

ပဲနို့ရဲ့ဆိုးကျိုးများ
------------------
ကောင်းတာတေွ ပြီးတော့ ဆိုးတာတေွလည်း လာပြီပေါ့။ ဒါပေမယ့် အကောင်းအဆိုးဆိုတာက အမြဲ ဒွန်တွဲနေတာပဲ မဟုတ်လား။ လက်ရှိ ရင်သားကင်ဆာဖြစ်နေသော အမျိုးသမီးများ မသောက်သင့်ပါ။ပဲနို့မှာ အီစတိုဂျင်နဲ့ ဆင်တူတဲ့ ဟော်မုန်းတစ်မျိုးပါလို့ ရင်သားကင်ဆာဖြစ်နေတဲ ့အမျိုးသမီးတေွ မသောက်သင့်ပါဘူး။ ပဲနို့သောက်ရင် ရင်သားကင်ဆာဖြစ်နိုင်တာက မဟုတ်ပါ။ ပဲနို့က လက်ရှိဖြစ်နေတဲ့ ရင်သားကင်ဆာကို ပိုဆိုးနိုင်စေတာပါ။ လေ့လာမှုတေွ ထပ်လုပ်ဖို့တော့ လိုအပ်သေးတာပေါ့။

၁။ သကြားဓာတ်များစွာပါခြင်း
----------------------------------
သောက်လို့ ကောင်းအောင် ထုတ်ထားတဲ့ ပဲနို့တေွမှာ သကြားဓာတ်များစွာ ပါဝင်တတ်လို့ ဝိတ်လေှျာ့နေတဲ့သူတေွ ၊ ဆီးချိုရှိနေတဲ့သူတေွ မသောက်သင့်ပါ။ တကယ်လို့ ပဲနို့ကို ဆိုးကျိုးကင်းကင်း သောက်ချင်ရင်တော့ sugar free သကြားမပါတာတေွကို ပဲ ရေွးချယ်သောက်သင့်ပါတယ်။

၂။ အစာအိမ်လေထခြင်းကို ဖြစ်စေတယ်
------------------------------------------------
ပဲတို့ရဲ ့ ထုံးစံအတိုင်း များများစားလိုက်ရင် လေပွှခင်း ဖြစ်တတ်သလို ပဲနို့များများ သောက်လိုက်ရင်လည်း လေပွကာ ၊ လေထိုးလေအောင့်ခြင်းတေွ ဖြစ်နို်င်ပါတယ်။

အဖြစ်နည်းတတ်တဲ့ ဆိုးကျိုးတေွကတော့
-----------------------------------------
ပဲနို့ကို ငယ်ငယ်လေးထဲက စွဲမြဲစွာ သောက်လာ ခဲ့မယ်ဆိုရင် သိုင်းရိွုက်ဂလင်း ရောဂါများ ၊ မျိုးပွားအဂါင်္ရောဂါများလည်း ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ့် အင်မတန်မှတော ့အဖြစ်နည်းပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေး အခြေအနေကို ချိန်ဆပြီးတော့ ပဲနိုရဲ ့ ကောင်းကျိုးဆိုးကျိုးတေွကို ချင့်ချိန်ကာ သောက်ခြင်းဖြင့် လူတိုင်း ကျန်းမာသန်စွမ်းသော ဘဝတစ်ခုကို ပို်င်ဆိုင်နိုင်ကြပါစေ။
#Ref( ဟယ်လို - ပဲနို့နဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)