Kyarlay.com

almost 2 years

ေနမေကာင္းေသာကေလးမ်ားအား အိမ္တြင္ ျပဳစုေစာင့္ေရွာက္ျခင္း


Ljid5nihelvtbcpshz6c

ေဖေဖ၊ ေမေမတို႕ေရ ေနမေကာင္းတဲ့ ကေလးငယ္ေလးေတြကို ကိုယ့္ရဲ႕ေနအိမ္မွာ ျပဳစုေစာင့္ေရွာက္ဖို႕ လိုအပ္တဲ့ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ အခ်က္ေလးေတြကို မွ်ေ၀ေပးခ်င္ပါတယ္ေနာ္။ ေဖေဖ၊ ေမေမတို႕ေရ ကေလးေတြ ကိုယ္ပူတာ(ဒါမွမဟုတ္) အန္တာ (ဒါမွမဟုတ္) ၀မ္းသြားတာေၾကာင့္ ခႏၶာကိုယ္မွာ အရည္ဓာတ္ေတြေလ်ာ့နည္းသြားတာေတြ ျဖစ္မယ္ဆိုရင္အရည္ပိုတိုက္ေပးဖို႕ လိုအပ္ပါတယ္။ အစားကိုပံုမွန္ေကၽြးၿပီး ကိုယ္ခံအားေကာင္းေနေစမယ္ဆိုရင္ေတာ့ အျမန္ဆံုးေနျပန္ေကာင္းေစပါတယ္ေနာ္။



C15s06esadjjyygqlpxy

ေမေမတို႕ေရ ေနမေကာင္းတဲ့ကေလးငယ္က မိခင္ႏို႕ေသာက္သံုးေနရဆဲ ျဖစ္မယ္ဆိုရင္ မိခင္ႏို႕ကို ပိုမိုတိုက္ေကၽြးသင့္ပါတယ္ေနာ္။ ႏို႕ခ်ဳိတိုက္ေကၽြးေနတဲ့ ကေလးမဟုတ္ရင္ေတာ့ ဓာတ္ဆားရည္၊ စြပ္ျပဳတ္၊ ဆန္ျပဳတ္၊ လတ္ဆတ္တဲ့သစ္သီးေဖ်ာ္ရည္၊ ႏို႕ေတြကို တိုက္ႏိုင္ပါတယ္။ တကယ္လို႕ ကေလးကအန္တယ္ဆိုရင္လည္း ခဏနားၿပီးတာနဲ႕ ခ်က္ခ်င္းျပန္တိုက္သင့္ပါတယ္ေနာ္။ ရင္ေသြးငယ္ေတြကို ေကၽြးေနၾကျဖစ္တဲ့ အစားအစာေတြကိုေတာ့ ပံုမွန္ပဲဆက္လက္ေကၽြးေပးဖို႕ လိုပါတယ္။ ကေလးေတြကို အစားေကၽြးတဲ့အခါမွာေတာ့ ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့အစားအစာျဖစ္ေစဖို႕ကို ဂရုစိုက္ေပးပါေနာ္။


Npx24ucjru3cwhzp0js3

ေမေမတို႕ေရ ေနာက္ၿပီးေနမေကာင္းတဲ့ကေလးငယ္ေတြနဲ႕ပတ္သက္လို႕ ေဖေဖ၊ ေမေမတို႕အားလံုးက အႏၱရာယ္လကၡဏာေတြကိုလည္း ေစာင့္ၾကည့္ေပးဖို႕လိုပါတယ္ေနာ္။ ေနာက္ဆက္တြဲျပႆနာေတြ မ၀င္ေရာက္ေစဖို႕အတြက္ကိုလည္း နာလန္ထခ်ိန္မွာအနည္းဆံုးတစ္ပတ္ေလာက္အထိ ပံုမွန္စားေနၾကအစားထက္ တစ္နပ္ေလာက္ပိုေကၽြးဖို႕လိုအပ္ပါတယ္ေနာ္။ ရင္ေသြးငယ္ေလးေတြရဲ႕ အေျခအေန၊ ေနထိုင္မႈ၊ စကားေျပာဆိုလႈပ္ရွားမႈေတြကို ၾကည့္ရႈၿပီး ကေလးငယ္ရဲ႕ ေနမေကာင္းျဖစ္မႈကို သတိထားၾကည့္ရႈႏိုင္ပါတယ္ေနာ္။ က်န္းမာေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Nqyshuydmxdjzf0bb9xn

နေမကောင်းသောကလေးများအား အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

ဖေဖေ၊ မေမေတို့ရေ နေမကောင်းတဲ့ ကလေးငယ်လေးတွေကို ကိုယ့်ရဲ့နေအိမ်မှာ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ဖေဖေ၊ မေမေတို့ရေ ကလေးတွေ ကိုယ်ပူတာ(ဒါမှမဟုတ်) အန်တာ (ဒါမှမဟုတ်) ဝမ်းသွားတာကြောင့် ခန္ဓာကိုယ်မှာ အရည်ဓာတ်တွေလျော့နည်းသွားတာတွေ ဖြစ်မယ်ဆိုရင်အရည်ပိုတိုက်ပေးဖို့ လိုအပ်ပါတယ်။ အစားကိုပုံမှန်ကျွေးပြီး ကိုယ်ခံအားကောင်းနေစေမယ်ဆိုရင်တော့ အမြန်ဆုံးနေပြန်ကောင်းစေပါတယ်နော်။

မေမေတို့ရေ နေမကောင်းတဲ့ကလေးငယ်က မိခင်နို့သောက်သုံးနေရဆဲ ဖြစ်မယ်ဆိုရင် မိခင်နို့ကို ပိုမိုတိုက်ကျွေးသင့်ပါတယ်နော်။ နို့ချိုတိုက်ကျွေးနေတဲ့ ကလေးမဟုတ်ရင်တော့ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်၊ နို့တွေကို တိုက်နိုင်ပါတယ်။ တကယ်လို့ ကလေးကအန်တယ်ဆိုရင်လည်း ခဏနားပြီးတာနဲ့ ချက်ချင်းပြန်တိုက်သင့်ပါတယ်နော်။ ရင်သွေးငယ်တွေကို ကျွေးနေကြဖြစ်တဲ့ အစားအစာတွေကိုတော့ ပုံမှန်ပဲဆက်လက်ကျွေးပေးဖို့ လိုပါတယ်။ ကလေးတွေကို အစားကျွေးတဲ့အခါမှာတော့ ပျော့ပျောင်းနူးညံ့တဲ့အစားအစာဖြစ်စေဖို့ကို ဂရုစိုက်ပေးပါနော်။

မေမေတို့ရေ နောက်ပြီးနေမကောင်းတဲ့ကလေးငယ်တွေနဲ့ပတ်သက်လို့ ဖေဖေ၊ မေမေတို့အားလုံးက အန္တရာယ်လက္ခဏာတွေကိုလည်း စောင့်ကြည့်ပေးဖို့လိုပါတယ်နော်။ နောက်ဆက်တွဲပြဿနာတွေ မဝင်ရောက်စေဖို့အတွက်ကိုလည်း နာလန်ထချိန်မှာအနည်းဆုံးတစ်ပတ်လောက်အထိ ပုံမှန်စားနေကြအစားထက် တစ်နပ်လောက်ပိုကျွေးဖို့လိုအပ်ပါတယ်နော်။ ရင်သွေးငယ်လေးတွေရဲ့ အခြေအနေ၊ နေထိုင်မှု၊ စကားပြောဆိုလှုပ်ရှားမှုတွေကို ကြည့်ရှုပြီး ကလေးငယ်ရဲ့ နေမကောင်းဖြစ်မှုကို သတိထားကြည့်ရှုနိုင်ပါတယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)