ကိုယ်ဝန်ဆောင်တစ်ဦးအနေနဲ့ တစ်နေ့ကို ဗီတာမင်အေ ပျမ်းမှျယူနစ် ၂၅၄၀ ခန့်သာစားသုံးသင့်ပါတယ်။ အများဆုံးယူနစ်ကတော့ ၁၀၀၀၀ ထက်မပိုဖို့အတွက် ဂရုပြုရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦးအနေနဲ့ အာဟာရဓာတ်ကို လွန်ကဲမှုမရှိစေဖို့ဂရုပြုရသလို အာဟာရဓာတ်ပြည့်ဝစေဖို့ကိုလည်း ဂရုပြုရမှာပါ။ အဲ့ဒါမှလည်း ကျန်းမာတဲ့ သန္ဓေသားလေးကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ ကိုယ်ဝန်နုစဉ်ကာလအတွင်း အာဟာရချို့တဲ့မှုကြောင့် သန္ဓေသားရဲ့ကြီးထွားမှုကို ထိခိုက်နိုင်သလို အာဟာရလွန်ကဲမှုဟာလည်း သန္ဓေသားရဲ့ကြီးထွားမှုကို အန္တရာယ်ပြုနိုင်ပါတယ်။ အထူးသဖြင့်တော့ ဗီတာမင်အေ လွန်ကဲမှုကြောင့် သန္ဓေသားရဲ့ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။
အသက် ၆ လမှ ၁၁ လအရွယ် ရင်သေွးငယ်တေွကို တိုက်ကျေွးနေတဲ့ ယူနစ်တစ်သိန်းအား အင်အားပြည့် ဗီတာမင်အေဆေးလုံး (အပြာရောင်) နဲ့ အသက်တစ်နှစ်ကနေ ၅ နှစ်အထိကလေးငယ်တေွကို တိုက်ကျေွးတဲ့ ဗီတာမင်အေဆေးလုံး (အနီရောင်) တေွကို ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ မသောက်သုံးသင့်ပါဘူး။
Ref: အာဟာရဆရာဝန်ကြီးဒေါက်တာလှကြည်ရေးသားသည့် ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်