ကိုယ်ဝန်တစ်ခုနဲ့တစ်ခု နီးကပ်တာ၊ အကြိမ်များစွာကိုယ်ဝန်ဆောင်တာတေွက ကိုယ်ဝန်မရှိမီအချိန်မှာ အာဟာရဓာတ်တေွကို ပြန်လည်ထူထောင်ဖို့အချိန် နည်းပါးသွားစေနိုင်ပါတယ်။ ဒီလိုနည်းပါးသွားရင် မေွးကင်းစကလေးမှာ ကိုယ်အလေးချိန်မပြည့်တာ၊ လမစေ့ဘဲကလေးမေွးတာတေွ ဖြစ်ပွားစေနိုင်ပါတယ်။ လမစေ့ဘဲမေွးတဲ့ကလေးဟာ သန္ဓေသားဘဝမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အရံသံဓာတ် လုံလုံလောက်လောက်မစုဆောင်းနိုင်ဘဲ နို့စို့အရွယ်နဲ့ ကလေးသူငယ်ဘဝမှာ သေွးအားနည်းရောဂါဖြစ်ပွားတဲ့ အလားအလာရှိတတ်ပါတယ်။
နီးကပ်တဲ့ကိုယ်ဝန်ရဲ့ နို့ညှာကလေးမှာလည်း အာဟာရဓာတ်လုံလောက်မှု မရှိစေတာတေွှဖစ်စေပါတယ်။ ဒါကြောင့် မိခင်လောင်းတို့အနေနဲ့ အနည်းဆုံး ကလေးတစ်ဦးနဲ့တစ်ဦး ၂ နှစ်ခြားပြီးမှ ယူတာက ကလေးငယ်တေွရဲ့ အာဟာရဓာတ်ပြည့်ဝဖို့အတွက်ရော မိခင်တေွရဲ့ကျန်းမာရေးအတွက်ပါ အဆင်ပြေချောမေွ့စေနိုင်မှာ ဖြစ်ပါတယ်။
Ref: အာဟာရဆရာဝန်ကြီး ဒေါက်တာလှကြည်ရေးသားသည့် ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)