ကောက်ပဲသီးနှံတေွမှာပါ၀င်တဲ့ ဖိုက်တစ်အက်ဆစ်၊ ဟင်းရွက်အချို့မှာပါ၀င်တဲ့ အောက်ဇားလစ်အက်ဆစ်တို့က သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ လက်ဖက်၊ လက်ဖက်ရည်တို့မှာပါ၀င်တဲ့ Tannin (ခေါ်) ဓာတ်ပေါင်းကလည်း သံဓာတ်စုပ်ယူမှုကို အဟန့်အတားပြုတတ်ပါတယ်။
ဒါကြောင့် ကလေးတေွကို ထမင်းမစားမီ နှစ်နာရီအတွင်းနဲ့ ထမင်းစားပြီး နှစ်နာရီအတွင်းမှာ လက်ဖက်ရည်အချို မတိုက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်ရှိတဲ့ အမျိုးသမီးတေွဆိုရင်လည်း ထမင်းမစားမီနဲ့ စားပြီး နှစ်နာရီအတွင်း လက်ဖက်ရည်အချိုသောက်ခြင်း၊ လက်ဖက်ရည်ကြမ်း ဖန်ဖန်သောက်ခြင်း၊ လက်ဖက်သုပ်စားခြင်းတေွကို ရေှာင်ကြဉ်ဖို့လိုအပ်ပါတယ်။
Ref: အာဟာရဆရာဝန်ကြီးဒေါက်တာဦးလှကြည်ရေးသားသည့် ရင်သေွးငယ်အာဟာရသန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။