အချို့သော မွေးကင်းစကလေးငယ်တွေဟာ အိပ်ပျော်နေချိန် (သို့မဟုတ်) ခေတ္တခဏ မှေးစက်ချိန်တွေမှာ သူတို့ရဲ့ မျက်စိကို ဖွင့်ထားလေ့ရှိကြပါတယ်။ မျက်စိဖွင့်ပြီး အိပ်တတ်တဲ့ ကလေးငယ်တွေကြောင့် မိဘဖြစ်သူတွေက တစ်စုံတစ်ရာ အန္တရာယ်ရှိနေမှာကို စိုးရိမ်ပူပန်တာမျိုးတွေလည်း တွေ့နေရပါတယ်။ မျက်လုံးဖွင့်ပြီး အိပ်တတ်တဲ့ ကလေးငယ်တွေရဲ့ အဓိကပြဿနာက ဘာများပါလဲ...။
မွေးကင်းစ ကလေးငယ်လေးတွေ အနေနဲ့ သူတို့ရဲ့ မျက်ခွံဟာ မျက်လုံးကို ဖုံးအုပ်နိုင်ဖို့ လုံလောက်မှုမရှိတာကြောင့်လား? လုံးဝမဟုတ်ပါဘူး။ သင့်ကလေးငယ်ရဲ့ မျက်စိဖွင့်ပြီး အိပ်တတ်တဲ့ အကျင့်ဟာ သင်ထင်ထားတာထက်ကို အများကြီး ပိုကျယ်ပြန့်ပါတယ်။ ဒီပြဿနာမှာ အဓိကကျတဲ့ အချက်၂ချက်ကို နားလည်သွားရင် သင့်ရင်သွေးလေးဘာ့ကြောင့် ဒီလိုဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားမှာပါ။
မြောက်များလှစွာသော သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကလေးငယ်တွေ မျက်လုံးဖွင့်ပြီး အိပ်ခြင်းဟာ မျိုးရိုးကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ သင့်ခင်ပွန်း ဒါမှမဟုတ် သင့်ရဲ့ဇနီးထံမှာ မျက်လုံးဖွင့်ပြီး အိပ်တတ်တဲ့ အကျင့်ရှိမယ်ဆိုရင်တော့ သင့်ရဲ့ရင်သွေးမှာလည်း အဲ့ဒီ့အကျင့် ပါလာနိုင်တယ်ဆိုတာ သိရှိထားရမှာ ဖြစ်ပါတယ်။
နောက်ထပ်တစ်ချက်ကတော့ အယောက်၁၀၀မှာ ၁ယောက် တွေ့ရှိဖို့ ခဲယဉ်းပါတယ်။ ကျွမ်းကျင်ဆရာဝန်တွေက ဒီဒုတိယအချက်ကို အဖြေရှာဖို့အတွက် ကြိုးစားခဲ့ကြရာမှာတော့ ဒါဟာ သိုက်ရွိုက်ရောဂါ နဲ့ မျက်နှာအာရုံကြော ပျက်စီးမှုကြောင့်လို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီရောဂါဟာ သာမန်ကလေးငယ်တွေမှာ ဖြစ်နိုင်ချေ အရမ်းနည်းပါးလွန်းတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
တကယ်လို့များ သင့်ရဲ့ ရင်သွေးငယ်ဟာ အချိန်အတော်ကြာ မျက်လုံးဖွင့်ပြီး အိပ်တတ်တဲ့ အကျင့်ဖြစ်နေပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ကျွမ်းကျင်ပညာရှင်နဲ့ သွားရောက်ပြသပြီး ဆေးကုသမှု ခံယူဖို့ မမေ့ပါနဲ့နော်...။
HYA (kyarlay)