(၁) အလုပ်သွားတဲ့အခါ မုန့်ပဲသားရေစာတေွကို လုံလုံလောက်လောက်ထည့်သွားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဗိုက်ဆာတတ်ပါတယ်။
(၂) ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေကိုတတ်နိုင်သမှျများများသောက်ပေးပါ။ သဘာဝအသီးဖျော်ရည်တေွလည်း သောက်နိုင်ပါတယ်။
(၃) အလုပ်ထဲမှာ နာရီပေါင်းများစွာကြာအောင် ထိုင်ပြီးတကုပ်ကုပ်လုပ်နေတာမျိုးလေှျာ့သင့်ပါတယ်။ ထိုင်တဲ့ပုံစံကိုလည်း မိနစ်အနည်းကြာရင်တစ်ကြိမ်ပြောင်းလဲနေသင့်ပါတယ်။
(၄) ထိုင်နေရတဲ့အလုပ်တေွများတာကြောင့် ရုံးမှာလည်း မကြာခဏထပြီး လမ်းလေှျာက်ပေးပါ။ ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်ခန်းတေွတတ်နိုင်သလောက်လုပ်ပေးပါ။
(၅) ကိုယ်ဝန်ဆောင်အားဆေးကိုလည်း ပုံမှန်သောက်ပါ။ အလုပ်တေွများပြီး ဆေးသောက်ဖို့မေ့လျော့သွားတာမျိုးကို မဖြစ်သင့်ပါဘူး။
(၆) မီးဖွားခွင့်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပါ။
(၇) ကိုယ်ဝန်အပ်ခြင်းနဲ့ မီးမဖွားခင်ကိုယ်ဝန်ပြခြင်းတေွကို မပျက်သင့်ပါဘူး။ ဘယ်လောက်အလုပ်များများ ရက်ချိန်းအတိုင်းတိကျစွာပြသပါ။
(၈) လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုတေွမရအောင် အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
(၉) ကိုယ်ဝန်ဆောင်ချိန် ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားတေွကိုသာ ၀တ်ဆင်ပါ။
(၁၀) အချို့လုပ်ငန်းခွင်တေွက ဓာတုပစ္စည်းတေွနဲ့ဆက်စပ်နေတာကြောင့် အဲ့ဒီလိုလုပ်ငန်းခွင်တေွမှာဆိုရင် ဓာတုပစ္စည်းတေွနဲ့ ထိတေွ့မှုမရှိအောင် ရေှာင်ရှားရပါမယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း