
ဖျားနာသောကလေးအား အစာရေဆာ မဖြတ်ရပါ။ ကြေညက်လွယ်သော အစာဆန်ပြုတ်၊ စွတ်ပြုတ်၊ မြူစွမ်ပြုတ်၊ ခေါက်ဆွဲ ပြုတ်ကျွေးပါ။ အူရောင်ငန်းဖျားရောဂါဖြစ်မှသာ အဖက်မကျွေးရပါ။ အရည်သာ တိုက်ရမည်။ဝမ်းပျက်ဝမ်းလျှောဖြစ်နေသော ကလေးငယ်အားလည်း အစာမဖြတ်ရပါ။ အန်နေသောကလေးငယ်များကိုသာ အရည်ကို နည်းနည်းချင်း ၂ မိနစ်ခြား တစ်ခါတိုက်ပါ။ နို့၊ဓာတ်ဆား၊ ရေကျက်အေး၊တိုက်နိုင်ပါတယ်။ အ အန်ရပ်သွားရင်တော့ ကြေညက်သော အစာကျွေးပါ။

ဝမ်းပျက်သော ကလေးများအား တိုက်သင့်သော အရည်များမှာ ဓာတ်ဆားရည်၊ မိခင်နို့ရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ထမင်းရည်၊အုန်းစိမ်းရည်၊ လတ်ဆတ်သော သစ်သီးဖျော်ရည်တို့ဖြစ်သည်။မတိုက်သင့်သော အရည်များမှာ သီးစုံဓာတ်ဆားရည်၊ အချိုရည်များ၊ ပုလင်းနှင့် အသင့်ဖျော်ထားသော ဖျော်ရည်နှင့် သံဗူးနှင့်ထည့်ထားသော ဖျော်ရည်ဗူးများ မတိုက်သင့်ပါဘူး။

ဝမ်းပျက်ဝမ်းလျှောသော ကလေးကို ကျေနပ်လွယ်ပြီး ပျော့ပြောင်းသောအစာကို တစ်နေ့စားနေကျ အကြိမ်အရေအတွက်ထက် တစ်ကြိမ်ပိုကျွေးပါ။ ဝမ်းရပ်ပြီး နှစ်ပတ်တိတိ တစ်ကြိမ်ပိုကျွေးပါ။သို့မှသာ ဝမ်းပျက်ဝမ်းလျှောဖြစ်သော ကလေးငယ် အာဟာရချို့တဲ့ခြင်းမှ ကင်းဝေစေမှာဖြစ်ပါတယ်။

အန်နေသာကလေးငယ်ကို အန်မှာ ကြောက်၍အစာမကျွေးဘဲထားလျှင် ကလေးဗိုက်ဆာ၍ ပိုငိုမည်။အာဟာရပြတ်တတ်ပါတယ်။ အန်နေသောကလေးကို ၁၀ မိနစ်လောက် နားပြီး အာဟာရဖြစ်မည့် အရည် တို့ကို ဇွန်းနဲ့ ၁ ဇွန်းချင်း ၂ မိနစ်ခြား တစ်ခါတိုက်ပါ။ အအန်ရပ်သွားလျှင် ပျော့ပျော့ပြောင်းပြောင်းနူးညံ့သောအစားအစာကိုကျွေးပါ။
@MiGi