
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ မွေးဖွားပြီးပြီး ချိန်မှာ ကလေးငယ်လေးဟာ ၆ ပေါင်ခွဲရှိသင့်ပြီး ၃ လမှာတော့ ၁၁ပေါင် ၆ လမှာ ၁၃ ပေါင်နဲ့ ၉ လသားမှာ ၁၅ ပေါင်ခွဲနဲ့ တစ်နှစ်သားမှာ ၂၂ ပေါင်အထိ ရှိသင့်ပါတယ်။ ဖော်ပြချက်အရတော့ ၃ လမှ ၆ လထိကလေးငယ်များဟာ ကိုယ်အလေးချိန် အနည်းငယ်သာ တက်သည်ကိုတွေ့ရမှာပါ။ ထို့အတွက် ကလေးငယ်ဟာ ပေါင်ချိန် အတက်နှေးနေသည်ကို စိတ်ပူစရာမလိုပါဘူး။

ကလေးငယ်များဟာ အလေးချိန် တစ်ခုထဲမှာ အချိန်ကြာမြင့်စွာရှိမနေတတ်ပါဘူး။ တွားသွားတဲ့ ရ လသားမှ ၁၀ လသားအရွယ်မှာတော့ အိမ်ရဲ့ အရပ်လေးမျက်နှာကို လှည့်လည်စူးစမ်းမှုကြောင့် ကိုယ်အလေးချိန်အနည်းငယ်ကျတတ်ပါတယ်။

နေထိုင်မကောင်းခြင်း အစားအသောက်ပျက်ခြင်းတို့ကြောင့်လည်း ကိုယ်အလေးချိန် အနည်းငယ်ကျနိုင်ပါသေးတယ်။ သို့ပေမယ့် မူမမှန် ကိုယ်အလေးချိန်ကျဆင်းနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကလေးငယ်ကိုတိုက်ကျွေးသင့်အစားအစာ ပမာဏ အကြိမ်အရေအလိုက် ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ကို မြှင့်တင်ပေးန်ိုင်ပါတယ်။ ကလေးငယ်ကို နို့ဖြတ်သည့်အခါမှာလည်း အဟာရပြည့်ဝတဲ့ အစားအစာ ကျွေးပေးခြင်းဖြင့် ကိုယ်အလေးချိန် ချိန်ညှိပေးနိုင်ပါတယ်။ ကလေးများမှာ အလိုအလျောက်ချိန်ညှိ ထားသော အစားအစာစနစ်ရှိတဲ့အတွက် သူတို့စိတ်ကျေနပ်တဲ့ အထိပဲစားကြမှာပါ။
MiGi