ဖေဖေ၊ မေမေတို့ရဲ့ ကိုယ့်ရဲ့ မေွးကင်းစရင်သေွးငယ်လေးတေွအတွက် ကျန်းမာရေးစောင့်ရေှာက်မှုခံယူဖို့ လိုအပ်တာလေးတေွကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်လေးတေွရှိလို့ ကျားလေးကနေ မှျဝေပေးမယ်နော်။ မေွးစရင်သေွးငယ်လေးက ကိုယ်အလေးချိန်ပြည့်တဲ့ကလေးလို့ခေါ်ဆိုလို့ရတဲ့ ၂.၅ ကီလိုနဲ့အထက် ရင်သေွးငယ်ဖြစ်တယ်ဆိုရင် မေွးပြီးပြီးချင်း ၂၄ နာရီအတွင်း တစ်ကြိမ်၊ မေွးပြီးတတိယနေ့မှာတစ်ကြိမ်၊ မေွးပြီး တစ်ပတ်ပြည့်တဲ့နေ့မှာတစ်ကြိမ် စုစုပေါင်း (၃) ကြိမ် မေွးကင်းစပြုစုစောင့်ရေှာက်မှုတေွခံယူဖို့လိုအပ်ပါတယ်နော်။
ကိုယ်အလေးချိန်သေးငယ်တဲ့ကလေးလို့ သတ်မှတ်လို့ရတဲ့ (၂ ကီလိုကနေ ၂.၄ ကီလို) ကြားရှိတဲ့ ရင်သေွးငယ်ဖြစ်မယ်ဆိုရင်တော့ မေွးပြီး ၂၄ နာရီအတွင်းတစ်ကြိမ်၊ မေွးပြီးဒုတိယနေ့မှာတစ်ကြိမ်၊ တတိယနေ့မှာတစ်ကြိမ်၊ တစ်ပတ်ပြည့်တဲ့နေ့မှာတစ်ကြိမ်၊ ၂ ပတ်ပြည့်တဲ့နေ့မှာတစ်ကြိမ်၊ ၆ ပတ်မြောက်မှာတစ်ကြိမ် (၆) ကြိမ်တိတိ မေွးကင်းစကလေး ပြုစုစောင့်ရေှာက်မှုပေးဖို့ လိုအပ်ပါတယ်နော်။ မေွးစကလေးကို ပြုစုစောင့်ရေှာက်မှု ပြုလုပ်မယ့်သူနဲ့ ကလေးငယ်ကို ထိတေွ့ကိုင်တွယ်သူတိုင်းကတော့ လက်သန့်ဆေး၊ ဆပ်ပြာတို့နဲ့ သေချာသန့်စင်ပေးဖို့အတွက် မမေ့သင့်ပါဘူးနော်။
ဖေဖေ၊ မေမေတို့ရေ မေွးကင်းစကလေးကို ပုံမှန်ပြုစုစောင့်ရေှာက်ဖို့ လိုအပ်တာတေွကတော့ - ကလေးငယ်ကို နေွးနေွးထေွးထေွးထားဖို့၊ - မေွးပြီးတစ်နာရီအတွင်း စောနိုင်သမှျစောစော မိခင်နို့တိုက်ကျေွးဖို့၊ - မေွးစမှ ကလေးအသက် ၆ လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျေွးဖို့၊ - ရေအပါအဝင်ဘယ်အရည်ကိုမှ မတိုက်ဖို့၊ ကလေးရဲ့ချက်ကို သန့်ရှင်းစွာထားပေးဖို့၊ - အိမ်မှာမေွးတဲ့ ကလေးဖြစ်ပါက ကလေးရဲ့ချက်ထဲကို 7.1 % Charhexidine digluconate ဆေးရည်ထည့်ပေးဖို့နဲ့ အဲ့ဒီဆေးရည်ကလွဲပြီး တခြားဘယ်အရာမှမထည့်မိဖို့၊ - ချက်ကြေွှပီးမှသာ ရေချိုးပေးဖို့၊ - ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတိုင်း ကာကွယ်ဆေးထိုးပေးဖို့၊ အန္တရာယ်လက္ခဏာတစ်ခုခုတေွ့ပါက နီးစပ်ရာကျန်းမာရေးဌာနတေွမှာ ကုသမှုခံယူဖို့အတွက် ဂရုစိုက်သင့်ပါတယ်နော်။ မိသားစုအားလုံး ပျော်ရွှင်ကျန်းမာပြီး ရင်သေွးငယ်တေွရဲ့အနာဂတ်ပွင့်လန်းအောင် ပံ့ပိုးပေးနိုင်ကြပါစေနော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
>>>> Unicode Version <<<<
မွေးကင်းစကလေးအတွက် ပြုစုစောင့်ရှောက်မှု ခံယူခြင်း
ဖေဖေ၊ မေမေတို့ရဲ့ ကိုယ့်ရဲ့ မွေးကင်းစရင်သွေးငယ်လေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ လိုအပ်တာလေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်လေးတွေရှိလို့ ကျားလေးကနေ မျှဝေပေးမယ်နော်။ မွေးစရင်သွေးငယ်လေးက ကိုယ်အလေးချိန်ပြည့်တဲ့ကလေးလို့ခေါ်ဆိုလို့ရတဲ့ ၂.၅ ကီလိုနဲ့အထက် ရင်သွေးငယ်ဖြစ်တယ်ဆိုရင် မွေးပြီးပြီးချင်း ၂၄ နာရီအတွင်း တစ်ကြိမ်၊ မွေးပြီးတတိယနေ့မှာတစ်ကြိမ်၊ မွေးပြီး တစ်ပတ်ပြည့်တဲ့နေ့မှာတစ်ကြိမ် စုစုပေါင်း (၃) ကြိမ် မွေးကင်းစပြုစုစောင့်ရှောက်မှုတွေခံယူဖို့လိုအပ်ပါတယ်နော်။
ကိုယ်အလေးချိန်သေးငယ်တဲ့ကလေးလို့ သတ်မှတ်လို့ရတဲ့ (၂ ကီလိုကနေ ၂.၄ ကီလို) ကြားရှိတဲ့ ရင်သွေးငယ်ဖြစ်မယ်ဆိုရင်တော့ မွေးပြီး ၂၄ နာရီအတွင်းတစ်ကြိမ်၊ မွေးပြီးဒုတိယနေ့မှာတစ်ကြိမ်၊ တတိယနေ့မှာတစ်ကြိမ်၊ တစ်ပတ်ပြည့်တဲ့နေ့မှာတစ်ကြိမ်၊ ၂ ပတ်ပြည့်တဲ့နေ့မှာတစ်ကြိမ်၊ ၆ ပတ်မြောက်မှာတစ်ကြိမ် (၆) ကြိမ်တိတိ မွေးကင်းစကလေး ပြုစုစောင့်ရှောက်မှုပေးဖို့ လိုအပ်ပါတယ်နော်။ မွေးစကလေးကို ပြုစုစောင့်ရှောက်မှု ပြုလုပ်မယ့်သူနဲ့ ကလေးငယ်ကို ထိတွေ့ကိုင်တွယ်သူတိုင်းကတော့ လက်သန့်ဆေး၊ ဆပ်ပြာတို့နဲ့ သေချာသန့်စင်ပေးဖို့အတွက် မမေ့သင့်ပါဘူးနော်။
ဖေဖေ၊ မေမေတို့ရေ မွေးကင်းစကလေးကို ပုံမှန်ပြုစုစောင့်ရှောက်ဖို့ လိုအပ်တာတွေကတော့ - ကလေးငယ်ကို နွေးနွေးထွေးထွေးထားဖို့၊ - မွေးပြီးတစ်နာရီအတွင်း စောနိုင်သမျှစောစော မိခင်နို့တိုက်ကျွေးဖို့၊ - မွေးစမှ ကလေးအသက် ၆ လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့၊ - ရေအပါအဝင်ဘယ်အရည်ကိုမှ မတိုက်ဖို့၊ ကလေးရဲ့ချက်ကို သန့်ရှင်းစွာထားပေးဖို့၊ - အိမ်မှာမွေးတဲ့ ကလေးဖြစ်ပါက ကလေးရဲ့ချက်ထဲကို 7.1 % Charhexidine digluconate ဆေးရည်ထည့်ပေးဖို့နဲ့ အဲ့ဒီဆေးရည်ကလွဲပြီး တခြားဘယ်အရာမှမထည့်မိဖို့၊ - ချက်ကြွေပြီးမှသာ ရေချိုးပေးဖို့၊ - ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတိုင်း ကာကွယ်ဆေးထိုးပေးဖို့၊ အန္တရာယ်လက္ခဏာတစ်ခုခုတွေ့ပါက နီးစပ်ရာကျန်းမာရေးဌာနတွေမှာ ကုသမှုခံယူဖို့အတွက် ဂရုစိုက်သင့်ပါတယ်နော်။ မိသားစုအားလုံး ပျော်ရွှင်ကျန်းမာပြီး ရင်သွေးငယ်တွေရဲ့အနာဂတ်ပွင့်လန်းအောင် ပံ့ပိုးပေးနိုင်ကြပါစေနော်။
မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)