စျေး မီဒီယာ
အခြား

ထူတေွ မသိသေးတဲ့ မကြာခဏ လက်တေွ ထုံနေရတဲ့ အဓိက အကြောင်းအရင်း ( ၅ ) ချက်

Posted by Zaw Lin Aung March 10, 2020
Mgq7p95oiskozkftj3sy

ရာသီဥတုအေးတဲ့အခါ နဲ့ လှုပ်ရှားမှုတေွ မရှိဘဲ တစ်စုံတစ်ခုကို ကြာရှည်စွာ အားစိုက် လုပ်ဆောင်ထားတဲ့အခါမှာ လက်တေွဟာ အရမ်းထုံကျဉ် နေတတ်ပါတယ်။ ဒါပေမယ့် တစ်ခြားအကြောင်းတေွကြောင့်လည်း လက်တေွ ထုံတတ်ပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ လူတေွ မသိသေးတဲ့ မကြာခဏ လက်တေွ ထုံနေရတဲ့ အဓိက အကြောင်းအရင်း( ၅ )ချက်ကို မိုမိုပရိသတ်ကြီးအတွက် အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Cdm6mpclw1niwblzxcg4

၁။ အရက်
-----------

လက်တေွ ထုံတာဟာ အရက် ရေရှည် အလွန်အကျွံသောက်တဲ့ဒဏ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရင်ဆုံး အာရုံကြောတေွ ယိုယွင်းလာပြီးတော့ ခြေတေွ၊လက်တေွ ထုံလာတာပဲ ဖြစ်ပါတယ်။ လက်ထိပ်ခြေထိပ်တေွဟာ အပ်နဲ့ထိုးသလို စူးတာမျိုးလည်း ဖြစ်ပါတယ်။ အကြောလိုက်တာနဲ့ ကြွက်သားရော့ရဲလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရက်ဟာ တစ်နေ့ကို အမျိုးသမီးဆို သုံးခွက်၊ အမျိုးသားဆိုလေးခွက်နဲ့ လေးခွက် အထက်သောက်ခြင်းဟာ အလွန်အကျွံသောက်ခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် အရက် အလွန်အကျှံသောက်ရင်လည်း လက်ထုံတာတေွ ဖြစ်တတ်ပါတယ်။

Gy1yflzrxev6mbizfxiz

၂။ လေဖြတ်ခြင်း
----------------------

လက်တေွ၊ ခြေတေွထုံတာဟာ လေဖြတ်မယ့် လက္ခဏာလည်း ဖြစ်တတ်ပါတယ်။ ပြုံးတဲ့အခါ ပါးရွှဲ့တာ၊ စကားသံမပီသတာ၊ ခေါင်းတေွမူးဝေတာနဲ့ အမြင်မှုန်ဝါးတာတေွပါ တွဲဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။ ဒီလိုလက္ခဏာမျိုး သုံးလေးခုထက် ပိုဖြစ်နေရင် သင့်အနေနဲ့ ကောင်းကောင်း သတိထားသင့်ပါတယ်။

Br9srcxvnn49yl2zofak

၃။ သေွးချို ဆီးချို
--------------------

ကြိမ်ဖန်များစွာ အပေါ့သွားတာ ၊ ရေခဏခဏ ဆာတာတေွဟာ သေွးတွင်းသကြားဓာတ်ကို အဆင့်မြင့်မားနေပြီးတော့ ဒါဟာ ဆီးချိုသေွးချိုရဲ့ အကြိုလက္ခဏာတေွှဖစ်ကြောင်း လူတော်တော်များများက သိကြပါတယ်။ ဒါပေမယ့် ဒီလိုလက္ခဏာတေွ ခဏခဏ ဖြစ်နေရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အဲဒါကို မကုသဘဲ ထားမယ်ဆိုရင်တော့ အာရုံကြောထိခိုက်လာပြီး လက်ထုံတာတေွပါ ဖြစ်လာတတ်ပါတယ်။ဒါအပြင် နောက်ပိုင်းမှာ အမြင်အာရုံမှုန်ဝါးတာ၊ ကျောက်က်ပြဿနာရှိတာတေွပါ ဖြစ်လာပါလိမ့်မယ်။

Rr5ji97otetqj42yvjwb

၄။ Guillain-Barré Syndrome
-----------------------------------

ဒါကတော့ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ နာ့ဗ်ကြောတေွကို မှားယွင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ လက်တေွ ထုံကျင်တာ ဖြစ်ပါတယ်။ဒါအပြင် အားနည်းသလိုဖြစ်နေတာ၊ ခန္ဓာကိုယ်ရဲ့နေရာအချို့မှာလည်း ယားယံသလို တရွရွ ဖြစ်နေတာ၊ လက်နဲ့ ခြေထောက်တေွထုံတာမျိုးတေွပါ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Zu0wjbho3mgllfqtykhj

၅။ Multiple Sclerosis
---------------------------

Multiple sclerosis ဟာ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ ဦးနေှာက်အာရုံကြောကို ကာကွယ်ပေးထားတဲ့ ပစ္စည်းတေွကို မှားယွင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ လက်ထုံတာတေွ ဖြစ်လာပါတယ်။ ဒါဟာ အသက်အရွယ်မရေွးဖြစ်ပွားနိုင်ပြီး ၂၀ ကျော်နဲ့ ၃၀ ကျော်ပိုင်းတေွမှာပါ ပိုဖြစ်လေ့ရှိပါတယ်။
#Ref( ဒေါက်တာ ချမ်းဝင်း - လက်ထုံခြင်းအကြောင်းသိကောင်းစရာများဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.