
ပုံမှန်အားဖြင့် ရေမွှာပေါက်ခြင်း
နေ့လစေ့လို့ ဗိုက်နာလာပြီး သားအိမ်အဝ အပြည့်ပွင့်လာတဲ့ အခါ ပုံမှန်အားဖြင့် ရေမွှာပေါက် တတ်ပါတယ်။ ရေမွာပေါက်ပြီးတာနဲ့ကလေး လိုက်လာတတ်ပါတယ်။
ပုံမှန်မဟုတ်ဘဲ ရေမွှာပေါက်ခြင်း
လမစေ့မီ၊ ဗိုက်မနာမီလဲ ရေမွှာပေါက်တတ်ပါတယ်။ လမစေ့ခင်ပေါက်ရင် လမစေ့ဘဲ မေွးတတ်ပါတယ်။ လစေ့ပြီးမှ ဗိုက်မနာမီလည်း ပေါက်တတ်ပါတယ်။ ရေမွှာပေါက်ပြီး ဗိုက်နာလာတတ်ကြပါတယ်။ ၂၄ နာရီကျော်လို့ မနာလာရင်တော့ ဗိုက်နာ လာအောင်ဆေးသွင်းမေွးရတတ်ပါတယ်။ ရေမွှာပေါက် ပြီးရင် ပိုးဝင်တတ်တဲ့အတွက် မေမေရော ရင်သေွးလေးပါ အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေမွှာပေါက်ရင် ဆရာ၊ ဆရာမ များထံ ချက်ချင်း ဆက်သွယ်ဖို့ စောင့်ရေှာက်မှုခံဖို့ လိုပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း