ကိုယ်ဝန်ဆိပ်တစ်ခါ တက်ဖူးတဲ့သူဟာ နောက်ကိုယ်ဝန်တေွမှာလဲ ကိုယ်ဝန်ဆိပ်တက်ဖို့က သူများထက်စာရင် ပိုများတာမို့ ကိုယ်ဝန်ကို သေသေချာချာ စီစဉ်ပြီးမှ နောက်ကိုယ်ဝန် ယူစေချင်သလို နောက်တစ်ခါ ကိုယ်ဝန်ရပြီဆိုရင်လည်း အစောကြီးထဲက ကိုယ်ဝန်ပြထားမယ်ဆိုရင် လိုအပ်တဲ့ ဆေးတေွ၊ စောစောထဲက တိုက်ထားလို့ ရနိုင်ပါတယ်။
လူတိုင်း အဖြစ်များတဲ့ ရောဂါတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်လာရင် တကယ်ကြောက်စရာကောင်းတာမို့ ကိုယ်ဝန်မှာ သေွးတိုးပြီဆိုရင် ပေါ့ပေါ့တန်တန် သတိမထားဘဲ နီးစပ်ရာ ဆေးရုံ ဆေးခန်းတေွမှာ စနစ်တကျ ပြသပြီး လိုအပ်တဲ့ စောင့်ရေှာက်ကုသမှုကို ခံယူကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း