မိခင်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ မိမိရင်သွေးငယ်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဟာ အဓိကဦးစားပေး အာရုံစိုက်ရမယ့် အရာတစ်ခု ဖြစ်လာပါတယ်။ ဒီလို မိမိရဲ့ကလေးကို အကောင်းဆုံး ဂရုစိုက်နေသော်ငြား မသိလိုက်ပဲ ကလေးငယ်ရဲ့ အသက်အန္တရာယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် အမှားမျိုးလည်း ကျူးလွန်လေ့ရှိကြပါတယ်။
မကြာသေးမီကပဲ မိခင်တစ်ဦးဟာ ဆိုဖာပေါ်မှာ လဲလျောင်းနေရင်း ၈ရက်သားအရွယ် မွေးကင်းစကလေးငယ်ကို ရင်ဘတ်ပေါ်တင်ပြီး အိပ်စက်စေခဲ့ပါတယ်။ အဆိုပါ ၈ရက်သားကလေးငယ်ဟာ မိခင်ရဲ့ ရင်ဘတ်ပေါ်မှာ အိပ်စက်နေစဉ် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရပါတယ်။
မွေးကင်းစကလေးငယ်တွေဟာ အရမ်းကို နုနယ်သေးတာကြောင့် မိခင်အနေနဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံဖို့ရာ အထူးဂရုပြုသင့်ပါတယ်။ SIDS လို့ ခေါ်တဲ့ မွေးကင်းစကလေးငယ်တွေ မမျှော်လင့်ပဲ သေဆုံးနိုင်ခြေဟာ တဖြည်းဖြည်းတိုးမြင့်လာနေရာက အခုနောက်ဆုံး စစ်တမ်းတွေအရ ၅၀ရာခိုင်နှုန်းအထိ ရောက်ရှိလို့ လာခဲ့ပါပြီ။
ဒါ့ကြောင့် မိဘတွေအနေနဲ့ မိမိရဲ့ ရင်သွေးငယ်ကို ထိုင်ခေါ်မှာထိုင်ရင်း (သို့မဟုတ်) ဆိုဖာပေါ်မှာ လဲလျောင်းရင်း ရင်ဘတ်ပေါ်မှာ အိပ်စက်စေခြင်းဟာ စွန့်စားလွန်းရာကျပြီး အရမ်းကို အန္တရာယ်များတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ မပူလွန်း ၊ မအေးလွန်းတဲ့ နေရာတစ်ခုမှာ အိပ်ရာခင်းပြီး အိပ်စက်စေခြင်းပါပဲ။ ကြီးမားတဲ့ ခေါင်းအုံးကို အသုံးပြုခြင်းနဲ့ နံဘေးမှာထားပြီး ကာရံထားခြင်းတို့ဟာလည်း ရင်သွေးငယ်ရဲ့ အသက်ရှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနိုင်တာကြောင့် ဂရုတစိုက်နဲ့ ရှောင်ရှားပေးသင့်ပါတယ်။
HYA (kyarlay)