
နို့ဗူး အမျိုးအစားကို ဘယ်လိုရေွးချယ်မလဲ။ အတေွ့အကြုံရှိပြီးတဲ့ မေမေမှာ ရေွးရတာလွယ်ပေမယ့် အတေွ့အကြုံမရှိသေးတဲ့ မေမေတေွအတွက်တော့ နည်းနည်းတေ့ာခက်ခဲမယ်ထင်ပါတယ်။
မိခင်နို့ပဲတိုက်ကြတယ်ဆိုပေ့မယ့် ခလေးက မိခင်နို့ကို မစို့နိုင်သေးရင် နို့ဗူးလေးတေွက ကူပေးရတာပဲလေ။တချို့ကျတော့ အလုပ်အပြင်ကို ထွက်လုပ်ကြတဲ့အခါလည်း ဘေဘီလေးတေွကို နို့ဗူးလေးတေွနဲ့ ထားခဲ့ကြရတာပါပဲနော်။ အ့တော့ နို့ဗူးလေးတေွကို ရေွးချယ်တဲ့အခါမှာ ပထမဆုံးက စဉ်းစားရမှာက ရိုးရိုးနို့သီးခေါင်းပုံစံနို့ဗူးရယ် ၊ ကိုယ့်ရဲ့ မိခင်ရင်အုံနဲ့ တူတဲ့ ပုံစံ နို့သီးခေါင်းလေးတေွနဲ့ တူတာရှိမယ်။
ကွာခြားချက်
*******
ဘာကွာလည်းဆိုတေ့ာ တချို့ခလေးတေွက မိခင်နို့နဲ့ မတူရင်လုုံးဝမစို့ တတ်ဘူး၊ တချို့ခလေးတေွကျတော့ ဘာပဲ ဖြစ်ဖြစ်စို့တယ်လေ။မိခင်နို့နဲ့ တူမှစို့တယ်ဆိုတဲ့ ခလေးတေွက နို့သီးခေါင်းကို လျှာနဲ့အရေှ့ဘက်ကို ထိုးပိီးစို့တတ်တယ်ဆိုရင်တော့ မေမေတို့က နို့ဗူးဝယ်တဲ့အခါ မိခင်နို့သီးခေါင်းပုံစံ နို့ဗူးလေးကို ရေွးချယ်ဝယ်ယူပေးပါနော်။ ဒီလိုမှ မဟုတ်ပဲ ခလေးက နို့စို့တဲ့အခါ အမေနို့ကို အာခေါင်ရောက်အောင် ဆွဲပြီးစို့တတ်တယ်ဆိုရင်တော့ ရိုးရိုးနို့သီးခေါင်းပုံစံ နို့ဗူးလေးကို ဝယ်သုံးလို့ရပါတယ်။(ရိုးရိုးနို့သီးခေါင်းပုံစံလေးက နည်းနည်းရှည်ပြီး မိခင်နို့သီးခေါင်းပုံစံလေးကျတော့ တိုပြီး အဝှုိက်ပုံစံလေးပါနော်)
ဒီတော့ နို့ဗူးလေးတေွ မဝယ်ခင်မှာ မေမေတို့က ကိုယ့်ခလေးက နို့ကို ဘယ်လိုပုံစံစို့လဲ ဆိုတာ အသိဆုံးဖြစ်တာမို့ သေသေချာချာရေွးဝယ်လို့ ရလောက်ပီထင်ပါတယ်နော်။
သတိပြုစေချင်
********
နောက်တစ်ခုက နို့ဗူးတေွမှာ အသက်အပိုင်းအခြားလေးတေွ ရှိတယ်ဆိုတော့ တစ်ချက်လောက်တော့ သတိပြုဝယ်စေချင်ပါတယ်မေမေတို့ရေ ။ ( မေွးကင်းစဆို တစ်ပေါက် ၊ ၁ လ အရွယ်ဆို နှစ်ပေါက်၊ ၃ လ အရွယ် သုံးပေါက်၊ ၆လ အရွယ် လေးပေါက် ၊ ၉ လအရွယ် ငါးပေါက်) ဒါတေွက နို့ဗူးလေးက နို့ထွက်ပေါက်လေးတေွပါနော်။ မေွးကင်းစခလေးအတွက် သုံးပေါက်နို့ုသီးခေါင်းက သီးနိုင်သလို ၊ ၆ လခလေးအတွက်လည်း ၁ပေါက်ပဲ ပါတဲ့ နို့င်္သိီးခေါင်းက ဘယ်လိုမှ စို့ရတာ အားရမှာ မဟုတ်ပါဘူးနော်။
Brand တေွကတော့ အမျိုးမျိုးရှိတာမို့ မေမေတို့ အကြိုက်ဆုံးကို ရေွးဝယ်လို့ရမှာပါ။ မေမေတို့လညး် အဆင်ပြေပြေ ရေွးချယ်ဝယ်ယူနိုင်ကြပါစေနော်။