ခရမ်းရောင်ရှိတဲ့ ခရမ်းသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ငချိတ်၊ ဂေါ်ဖီထုပ် ခရမ်းရောင်၊ နဂါးမောက်သီးအနီ အစရှိတဲ့ အစားအစာတေွမှာ Antioxidant တစ်မျိုးဖြစ်တဲ့ Anthocyanins ဆိုတဲ့ အာဟာရဓာတ် ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခရမ်းရောင်ရှိတဲ့ အစားအစာတေွကို ဆေးဝါးအဖြစ် ထုတ်လုပ် အသုံးပြုခဲ့ကြတာဖြစ်ပြီး အခု တစ်ခါ ဖော်ပြပေးမှာကတော့ ခရမ်းရောင်သမ်းတဲ့ အစားအစာတေွရဲ့ ကျန်းမာရေး ကောင်းကျိုးတေွပဲ ဖြစ်ပါတယ်။
၁။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခရမ်းရောင်ရှိတဲ့ အစားအစာတေွထဲမှာ ပါဝင်တဲ့ Anthocyanins ဓာတ်ကို အသည်းရောဂါ၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ အများစုကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
၂။ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တေွအရ ခရမ်းရောင်သမ်းတဲ့ အစားအစာတေွကို နေ့စဉ် ပုံမှန် စားသုံးပေးခြင်းအားဖြင့် နှလုံးသေွးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတေွ ဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အပြင် သေွးပေါင်ချိန် ကျဆင်းခြင်းနဲ့ သေွးအားနည်းခြင်းတို့ကိုပါ ကောင်းကောင်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
၃။ ခရမ်းရောင်သမ်းတဲ့ အစားအစာတေွမှာ ပါဝင်တဲ့ Anthocyanins ဟာ ကင်ဆာရောဂါတေွကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တေွမှာ ဖော်ပြထားပြီး အထူးသဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါအပြင် ခရမ်းရောင်သမ်းတဲ့ အစားအစာတေွဟာ ကင်ဆာဆဲလ်တေွကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတာကြောင့် မျိုးရိုးထဲမှာ ကင်ဆာဖြစ်ပွားဖူးတဲ့သူတေွနဲ့ကင်ဆာရောဂါကို စတင် ခံစားနေရသူတေွအနေနဲ့ နေ့စဉ် စားသုံးပေးသင့်တယ်လို့ ဆိုပါတယ်။
၄။ အသီးအနှံတေွကို ခရမ်းရောင်သမ်းစေတဲ့ Anthocyanins ဓာတ်ဟာ ဦးနေှာက်စွမ်းရည်ကို မြင့်တက်စေတာကြောင့် ဦးနေှာက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတေွအတွက် အထူးကောင်းမွန်စေတဲ့အပြင် အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းလာခြင်းတေွကိုလည်း သက်သာစေနိုင်ပါတယ်။
၅။ ခရမ်းရောင်သမ်းတဲ့ အစားအစာတေွဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် နာတာရှည်ရောဂါခံစားနေရသူတေွနဲ့ အအေးမိ၊ဖျားနာ စတာတေွကို မကြာခဏခံစားနေရသူတေွအတွက် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။
#Ref( Irrawaddy news – ခရမ်းရောင်အသီးအနှံများနဲ့ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)