ကိုယ်ဝန်ပထမသုံးလမှာဆိုရင် အမေကအရမ်းကို Morning Sickness ဆိုတဲ့ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ဟာ၊ ကျွန်မတို့ ပြည်သူလူထုပြောလေ့ရှိတာ ဗိုက်ကြီးနာစွဲတယ်ပေါ့။ အဲဒီဗိုက်ကြီးနာစွဲတဲ့ကာလမှာ ဘာမှစားလို့မရဘူး။ စားလို့မရရုံသက်သက်လည်း ဖြစ်နိုင်တယ်၊ တချို့ဆို စားလို့မရရုံတင်မကဘူး၊ စားသမှျအန်တယ် ဆိုတာလည်း ရှိတယ်။ အဲဒီတော့ ကျွန်မတို့က အဲဒီကာလမှာဆိုရင် ကိုယ်ဝန်ဆောင်တေွကို ဝင်အောင်စားပေးပါ။ ကိုယ်ခံတွင်းလိုက်မယ့်ဟာ ကိုယ်စားချင်တာစားပါ။
အချဉ်အစပ်စားချင်ရင် အခုအခံလေးနဲ့ တွဲစားပါ
ခံတွင်းလိုက်မယ့်ဟာ ကိုယ်စားချင်တာစားပါဆိုတော့လည်း များသောအားဖြင့် အချဉ်စားချင်ကြတယ်ပေါ့။ အဲဒီအချဉ်ကို အစပ်တေွနဲ့ စားချင်ကြတယ်။ အဲလိုဟာကို ခံတွင်းလိုက်ပြီး စားချင်တယ်ဆိုရင်လည်း အခုအခံလေးမရှိဘဲ သူ့ချည်းပဲစားရင် အစာအိမ်လောင်တော့ ဗိုက်အောင့်တတ်ပြန်တယ်။ ဒါကြောင့်မို့ အဲဒါမျိုးစားချင်ရင်တော့လည်း အခုအခံဆိုတာ ထမင်းလိုမျိုး ၊ ခေါက်ဆွဲလိုမျိုး တစ်ခုခုတွဲစားရင်တော့ ကောင်းတယ်ပေါ့။
ချဉ်လွန်းစပ်လွန်းတာတေွ ရေှာင်ပါ
ချဉ်လွန်းစပ်လွန်းတာတေွစားတာကျတော့လည်း ချဉ်လွန်းစပ်လွန်းရင် အူလမ်းကြောင်းမှာ ဒုက္ခပေးတယ်။ ချဉ်လွန်းစပ်လွန်းတာတေွစားရင် ဗိုက်နာတတ်တယ်။ ဗိုက်နာတယ်ဆိုတာ ပါးစပ်ကသာ အပူအစပ်တေွကို ခံနိုင်ပေမယ့် အူက အပူအစပ်မခံနိုင်တော့ အူကလှုပ်ရှားမှုတေွှဖစ်ပြီးတော့ ဗိုက်နာတယ်၊ ဝမ်းပျက်တယ်ဖြစ်တတ်တယ်။ ဒါကြောင့်မို့ အဲလိုအပူအစပ်တေွကတော့ မစားသင့်ဘူးပေါ့နော်။
Ref: မေ့ရင်သေွး မဂ္ဂဇင်း