အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာက အသက် (၃၅)နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ကလေး မေွးကြတဲ့ မိခင်တေွကိုဆိုလိုတာဖြစ်ပါတယ်။ သူတို့တေွ ပထမဆုံးတေွ့ကြုံရမယ့် အခက်အခဲကတော့ သားသမီးရတနာရဖို့ ခက်ခဲတာပဲဖြစ်တယ်။ ဆရာမတို့ ဆေးရုံ၊ ဆေးခန်းတေွကို ကလေးမရနိုင်လို့ လာရာက်အကူအညီတောင်းခံကြတဲ့ မိခင်လောင်းအများစုဟာ အသက်ကြီးတဲ့မိခင်တေွ ဖြစ်တတ်ကြတယ်။ အသက်ကြီးမိခင်ဟာ ကိုယ်ဝန်ရဖို့ ခက်ခဲတက်သလို ရလာရင်လဲ သူ့အလိုလိုပျက်ကျသွားတတ်တဲ့ အန္တရာယ်ကလည်း ပိုများတတ်တယ်။ ဒါတင်မကဘူး အသက်ကြီးမိခင်တေွမှာ သာမာန်နှင့်မတူတဲ့ပြဿနာတေွ ပိုဖြစ်တက်တယ်။
- အမွှာပူးကိုယ်ဝန်တေွပိုတေွ့ရတတ်တယ်။
- ပေါင်မပြည့်လမစေ့ပဲ မေွးတဲ့ ကလေးတေွ ပိုများတတ်တယ်။
- ဗိုက်ထဲမှာအလိုလိုနေရင်း သေဆုံးတဲ့ကလေးတေွ ပိုများတတ်သလို မေွးရင်းကလေးအဖတ်မတင်တာ၊ မေွးပြီးစကလေးသေဆုံးမှုတေွမှာ ပိုများနေရတာကိုလည်း တေွ့ရတတ်ပါတယ်။
- အသက်ကြီးမှကိုယ်ဝန်ဆောင်သူရဲ့ သားအိမ်ထဲမှာအသားလုံးတေွ ပိုဖြစ်တတ်တယ်။
- ကိုယ်ဝန်ဆောင်မိခင်တေွကို ဒုက္ခပေးတတ်တဲ့ရောဂါတေွှဖစ်တဲ့ ကိုယ်ဝန်ဆိပ်တက်၊ ဆီးချိုသေွးတိုး ရောဂါတေွ ပိုပြီးဖြစ်တတ်တယ်။
- ကိုယ်ဝန်လစေ့လို့မေွးကြဖွားကြရပြီ ဆိုရင်လည်း ပုံမှန်သဘာဝ အတိုင်း မေွးဖွားတဲ့အခါ တော်တော်နဲ့မမေွးနိုင်ပဲ မေွးဖွားအချိန်ပိုကြာကာ ခက်ခက်ခဲခဲမေွးရတာ၊ လေစုပ်ညှပ်ဆွဲပြီး မေွးဖွားရတာတေွ ပြီတော့မေွးရင်းနဲ့ အရေးပေါ်ခွဲစိတ်မေွးဖွား ရတာတေွလည်း ပိုများတတ်တယ်။
- မေွးဖွားပြီးသေွးသွင်းတာတေွလည်း ပိုဖြစ်တတ်တယ်။
အားလုံးခြုံငုံပြီးပြောရမယ် ဆိုရင် သက်ကြီးမိခင်တေွဟာ ကလေးရဖို့ပိုပြီးခက်ခဲတတ်သလို ကိုယ်ဝန်ရခဲ့ရင်လည်း ကိုယ်ဝန်ကာလ၊ မေွးဖွားစဉ်ကာလ၊ မေွးဖွားပြီးကာလ သုံးပါးစလုံးမှာ အန္တရာယ်တေွနဲ့ အခက်အခဲတေွ ပိုပြီး တေွ့ရကြုံရတတ်တာမို့ သေချာဂရုတစိုက်နဲ့ပြုစုစောင့်ရေှာက်မှုတေွ ပေးဖို့လိုအပ်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း