ခင်ပွန်းကောင်းဆိုတာ ဘယ်လို အခက်အခဲမျိုးမဆို ကောင်းကောင်း ကျော်လွှားနိုင်သူပဲ ဖြစ်ပါတယ်။ ဘယ်သူမှတော့ ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ချစ်မိပြီဆိုရင် အပြစ် မမြင်ပါဘူး၊ ချစ်ချင်တာပဲသိတဲ့နောက် ဆိုသလိုပေါ့။ သူ့အပြစ်တေွ၊ တစ်ချို့ အကျင့်လေးတေွကို နားလည်နေနိုင်ပြီ ၊ လက်ခံ ပေးထားပြီ။ ဒါပေမယ့် တစ်ခါတလေကျတော့ ဒီအကျင့်လေးတေွကို လက်ခံတာ လက်ခံလို့ ရတယ်၊ သူဟာ ငါ့ကြင်ယာဖက် ဖြစ်ကော ဖြစ်နိုင်ပါ့မလားလို့ တေွးမိတတ်ကြပါတယ်။ သမီးရည်းစား ၊ ချစ်သူ ၊ လက်တဲွဖော်၊ အိမ်ထောင်ဖက်ကောင်း၊ ခင်ပွန်းလောင်းတေွမှာ ဒီလို အရည်အချင်းလေးတေွ မလဲွမသေွ ရှိတတ်ကြပါတယ်။ထို အရည်အချင်းလေးတေွက ဘာတေွလဲဆိုတော့
၁။ ဘာလာလာ အေးဆေးပဲ
---------------------------------
သူက ဘယ်လို အခက်အခဲ မျိုးမဆို ကျော်လွှားနိုင်တဲ့သူ ဖြစ်တယ်။ ပြဿနာ တစ်ခုခု ကြုံတိုင်း ၊ အရေးပေါ်လိုအပ်တိုင်းလည်း ဖြေရှင်းဖို့ အသင့်ရှိနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ တကယ့် ယောကျ်ားစစ်တစ်ယောက်က စကားလုံးလှလှလေးတေွပဲ ပြောပြီး တကယ့် ဆုံးဖြတ်ချက်ချသင့်တဲ့အရာတေွမှာ တုံ့နေှးမနေတတ်ပါဘူး။ ဘယ်လောက်ပဲ အကြပ်အတည်းကြားကို ရောက်နေပါစေ။ သူက သင့်အတွက်ဆို မားမားမတ်မတ် ရပ်တည်ပေးမယ့် သူအဖြစ် ရှိနေသူတစ်ယောက်ပါ။
၂။ ထမင်း ၊ဟင်း ချက်တတ်တယ်
--------------------------------
၂၁ ရာစုခေတ် အမျိုးသမီးတေွက ထမင်း၊ ဟင်းချက်တတ်တဲ့ ယောကျ်ားတေွကို သဘောကျပါတယ်။ မီးဖိုချောင်ထဲမှာ ရှိတဲ့ ပစ္စည်းတေွနဲ့ပဲ စားစရာတစ်ခုခ ုဖြစ်အောင် ဖန်တီးချက်ပြုတ်ပြင်ဆင်ပြီး စားတတ်တဲ့ ယောကျ်ားတေွက ဆဲွဆောင်မှု အလွန်ရှိနေသလိုပါပဲ။ အရမ်းကြီး ထူးခြားဆန်းပြားတဲ့ အစားအသောက် ဖြစ်စရာမလိုပါဘူး။ ဗိုက်ဖြည့်ဖို့ တစ်ခုခုကို ပြင်ဆင်ပြီး ပန်းကန်ထဲ သပ်သပ်ရပ်ရပ် ခူးခပ်စားတတ်ရင်ပဲ အတော်ကို ဟုတ်နေပါပြီ။
၃။ သင့်ဘက်မှာ ရှိတယ်
-------------------------
သင် လုပ်တာက အလဲွှကီးဖြစ်နေရင်တောင် သူများက ဒါအလဲွှကီးဆိုပြီး ပြောတာကို ခံမယ့်သူမဟုတ်ပါဘူး။ နှစ်ယောက်တည်းကျမှ သူက ဆူချင်ဆူပါလိမ့်မယ်၊ ဒါပေမယ့် သင့်ဘက်ကနေပဲ ရပ်တည်ပြီး ခိုင်ခန့်စွာ ထောက်ခံပေးဦးမယ့်သူပါ။
၄။ ဒီဘက် နားကဝင်ပြီး ဟိုဘက် နားက ထွက်မသွားဘူး
---------------------------------------------------------
များသောအားဖြင့် ယောကျ်ားတေွက အကြောင်းအရာတစ်ခုကိုပဲ အာရုံစိုက် တတ်လေ့ရှိကြပြီး မိန်းမတေွလို အချိန်ပြည့် အားလုံးကို အသေးစိတ် အာရုံမစိုက်ကြဘူး။ ဒါပေမယ့် သူက သင်နဲ့ ခုလေးတင်ပြောထားတဲ့ စကားတေွ၊ အကြောင်းအရာတေွကို သူဘာကြီးပဲလုပ်နေနေ အချိန်မရေွး ပြန်သတိရ ပြန်တေွးနိုင်တယ်။ ဥပမာ သင့် အလုပ် မှာ အဆင်မပြေတာကို ညက သူ့ကို ပြောပြပြီး ရင်ဖွင့်ထားတယ်ပေါ့၊ သူက နောက်နှစ်ရက်လောက်နေတော့ စကားလည်းအဆက်အစပ်မရှိဘဲ သင် အလုပ် မှာ အဆင်ပြေသွားပြီလား အဲဒီကိစ္စ ဘယ်လိုဖြစ်သွားလဲ စသဖြင့် သတင်းမေးတတ်တာမျိုးလေးတေွ လုပ်တတ်တယ်။
၅။ သူက လက်ရုံးရည်တင်မက နှလုံးရည်နဲ့လည်း ပြည့်စုံသေးတယ်
-----------------------------------------------------------------------
ယောကျ်ားအများစုုက အလုပ်ကိစ္စ၊ လူမှုရေး၊ စီးပွားရေးတေွမှာ အရည်အချင်း ရှိတယ်၊ တော်တယ်၊ အကွက်မြင်တယ်၊ ဒါပေမယ့် သူတို့အားလုံး မိသားစု အရေး၊ ဆက်ဆံရေးတေွမှာ တေွးတတ်ခေါ်တတ်ပြီး သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်မြင်တတ်ကြတယ် ရယ်လို့တော့ မဟုတ်ဘူး။ သူက တခြားသူတေွအတွက် ဒီလိုအပိုင်းတေွမှာ တေွးပေး၊ စဉ်းစားပေးတာမျိုး မရှိပေမယ့် သင့်အတွက်ဆိုရင် ဒီလိုအပိုင်းတေွမှာ သူကကြိုးစားပမ်းစား နားလည်ပေးရှာတယ်။
၆။ သင့်ကို ပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်
----------------------------------------------------------------
သင် မျက်နှာ မကောင်းတာ၊ စိတ်ရှုပ်နေတာမျိုး သူမြင်ရတာနဲ့ သင့်ရေှ့မှာ လာပြီး မျက်နှာပြောင်ပြမယ်၊ ကိတ်မုန့်လေး တစ်တုံးဝယ်ပြီး လာကျေွးမယ်၊ အအေးလာတိုက်မယ် စသဖြင့် သင်ပျော်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူသိတယ်။
၇။ အိမ်အလုပ်တေွ ကြုံရင်ကြုံသလို ကူလုပ်ပေးသေးတယ်
--------------------------------------------------------------
အိမ်ရှင်းတာ၊ အဝတ်လေှျာ်တာ၊ လှန်းတာ၊ ပန်းကန်ဆေး တာတေွက သူနဲ့ သိပ်မဆိုင်သလိုသာ နေချင်နေလိမ့်မယ်။ သင်အလုပ်များတာ၊ သင်ပင်ပန်းနေတာ သူမြင်တယ်ဆိုရင် သူ့ဘာသာ ထလုပ်တတ်တယ်။ သင်သာ အကူအညီတောင်းရင် သူက လုပ်ပေးဖို့ အသင့်ပါပဲ။ ပျော်တောင်ပျော်နေသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက် တေွကို ဖြည့်ဆည်းပေးပြီး အတူတကွ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်ကို တစ်ယောက်ဦးစားပေးတယ်၊ နားလည်မှုရှိတယ်ဆိုရင်တော့ အလှပဆုံး၊ အသာယာဆုံး အ်ိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မှာ သေချာပါတယ်။
#Ref( ဒေါက်တာ မျိုးမျိုးခိုင် - ( ခင်ပွန်းကောင်းနဲ့အိမ်ထောင်ရေးဆောင်းပါးမှ )
#ရှမ်းပုတ်(မိုမိုလေး)