ကိုယ်ဝန်ရှိတဲ့အချိန်မှာ သားအိမ်မှာတွယ်နေတဲ့ သန္ဓေသားလေးကို မညှစ်ထုတ်ရအောင် ခန္ဓာကိုယ်က သားအိမ်ကို ငြိမ်အောင် လုပ်ထားရပါတယ်။ အဲဒီကာလမှာ ဝမ်းလည်းချုပ်တတ်ပါတယ်။ သားအိမ်ကို ငြိမ်အောင်လုပ်တဲ့ဓာတ်က ဝမ်းကိုလည်း ချုပ်စေပါတယ်။ အစားမှားသွားတယ်။ မသန့်တဲ့အစားအစာ စားလိုက်မိတဲ့အခါ အူလမ်းကြောင်းက infection ရသွားရင် အူတေွရဲ့လှုပ်ရှားမှုတေွနဲ့ ဝမ်းပျက်ဝမ်းလေှျာဖြစ်တတ်ပါတယ်။ အဲဒီလိုဝမ်းပျက်ဝမ်းလေှျာဖြစ်တဲ့အခါ ကလေးပါ ပျက်တတ်ပါတယ်။ ဒါကြောင့် ဒါဟာအရမ်းအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ကြိုက်တာစားလို့ရတယ် မတည့်တဲ့ အစားအစာမရှိဘူးဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့အစားအစာတိုင်းဟာ သန့်ရှင်းလတ်ဆတ် ပူနေွးတဲ့ အစားအစာကို စားသုံးဖို့လိုအပ်ပါတယ်။
Ref: သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြသီတာနှင့် အင်တာဗျူး