စျေး မီဒီယာ
မမွေးဖွားမှီ

ဗိုက်ထဲက ရင်သွေးလေးနေကောင်းလား

Posted by Kyaw Lin Han March 3, 2020
J7a7q6s9iwwbvxwyjsul

၀မ်းကြာတိုက်ထဲက ရင်သွေးလေး နေကောင်းရဲ့လားဆိုတာ သိချင်တာ မိခင်တိုင်းပဲ ဖြစ်ပါတယ်။ ရင်သွေးလေးဟာ ကိုယ်ဝန် အသက် ၄လ ၅လ လောက်မှာတော့ ဗိုက်ထဲက ကလေးလေး နေကောင်းလား နေမကောင်းဘူးလား ဆိုတာ ကလေးတိုးတာကနေ စသိကြရပါတယ်။ နေကောင်းနေရင် များများတိုးပြီး နေမကောင်းနေရင်တော့ ငြိမ်သွားပြီး မတိုးတော့ဘူး။

Ua82pia6jthqjsuxuf1d

တဖြည်းဖြည်းနဲ့ ကလေးက ထွားလာပြီး ရေမွှာရည်ကနည်းလာတော့မှ တိုးတာ ပိုသိလာပါတယ်။ လာရင်လာရင်တော့ ရင်သွေးကလေးအတွက် အခန်းက ကျဉ်းလာပါတယ်။ လွဲကန်လို့ မရတဲ့ အတွက် အချို့မေမေတွေက အတိုးနည်းတယ်ထင်ကြပါတယ်။ တိုးတဲ့အား လျှော့သွားပေမယ့် နေကောင်းနေတဲ့ရင်သွေးလေးရဲ့ တိုးတဲ့အကြိမ်တော့ လျှော့မသွားပါဘူး။ သူအိပ်တဲ့ အချိန်မှာတော့ မတိုးပါဘူး။ ရင်သွေးလေးရဲ့ အိပ်ချိန်မှာ ၄၅ မိနစ်ထက် ပိုမကြာတတ်ပါဘူး။

B26bwdyowsn9umuaitvo

ခပ်ကြမ်းကြမ်းတိုးတဲ့အခါ မေမေမှာ အိပ်ရာက လန့်နိုးလောက်အောင် ခံစားရပါတယ်။ တစ်ခါတလေ မိန်းမကိုယ်ထဲကနေ လှုပ်ရှားသွားလောက်အောင် ခံစားရပြီး ဆီးအိမ်ကို ကန်မိရင်လည်း ဆီးသွားချင်စိတ်ပေါ်လာတတ်ပါတယ်။ သူလှုပ်ရှား ကစားလိုက်တိုင်း မေမေမှာ ကသိကအောင့် ခံစားရပေမယ့် ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲဆိုပြီး အမေ နာရင်နာပါစေ ဗိုက်ထဲက ရင်သွေးလေး နေကောင်းနေတယ်ဆိုရင် ပျော်နေကြတာပါ။

Zbzedenyvhxmeo2lco7h

ရင်သွေလေးဟာ နေမကောင်းရင်တော့ ကောင်းကောင်း မကစားနိုင်ဘဲ အတိုးနည်းသွားမှာပါ။ နေမကောင်းတာကို သတိထားမိပြီး လိုအပ်တာလေးတွေကို ပြုလုပ်ပေးလို့ နေပြန်ကောင်းသွားရင် ပြန်တိုးလာမှာပါ။ ပုံမှန်တိုးနေကျအတိုင်းမဟုတ်ဘဲ အတိုးနည်းခြင်းဟာ မေ့ရင်သွေးအတွက် အန္တရာယ်ပါပဲ။ ပထမဆုံး တကယ် အတိုးနည်းတာ ဟုတ်မဟုတ် ဆန်းစစ်ဖို့လိုပါတယ်။ တစ်ခါတစ်ရံ မေမေက အလုပ်များပြီး ဇောကပ်နေရင် ကလေးတိုးတာကို သတိမထားမိဘဲ အတိုးနည်းတယ် ထင်တတ်ပါတယ်။ မေမေက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေရင်လည်း ကလေးတိုးတာ သတိမထားမိနိုင်တာကလည်းဖြစ်နိုင်ပါတယ်။အတိုးနည်းရင် ဘာမှ မလုပ်ဘဲ ဘေးစောင်းလှဲပြီး ၂ နာရီ စောင့်ကြည့်ပါ။ ၂ နာရီအတွင် ၁၀ ကြိမ် မတိုးရင် အရေးကြီးပါတယ်။ ကလေးနေမကောင်းတာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ရန် ချက်ချင်းဆေးရုံသို့ သွားပါ။

MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.