ဆောင်းရာသီရောက်လာပီဆိုတော့ ဘေဘီလေးတို့ နှာရည်တေွ ရွဲမယ်။ နှာရည်အပျစ်တေွလည်း နှာခေါင်းမှာ ပိတ်ပီး သန့်ရှင်းရေးဖို့ ခက်ခဲမှာပါ။ ကလေးတေွက ကိုယ်တိုင်လည်း နှာရည်ကို ညှစ််မထုတ်နိုင်သေးတဲ့ အချိန်မှာ မေမေတို့ ကူပေးလို့ ရမယ့် ပစ္စည်းလေးတေွသုံးလို့ ရပါတယ်။ ခလေးလည်း မနာသလို လူကြီးအတွက်လညး် သန့်ရှင်းရေးလုပ်ပေးဖို့ မခက်တော့ဘူးပေါ့။
နှာရည်စုပ်တဲ့ ပစ္စည်းလေးတေွကို သုံးတဲ့အခါ မှာ မေမေတို့ ရေွးချယ်ရမှာက ကိုယ်တိုင် ပါးစပ်နဲ့ စုပ်ထုတ်ပြီး သန့်ပေးတာရယ်၊ ကလေး နှာခေါင်းမှာပဲ တေ့ပြီးလက်နဲ့ပဲ သန့်ရှင်းရေး လုပ်ပေးရတာမျိုးပါ။
ပါးစပ်နဲ့ စုပ်ပေးရတာက ပိုက်အရှည်လေးနှစ်ခု ပါတယ်ဆိုတော့ တဖက်ကို မိခင်က ပါးစပ်နဲ့ စုပ်ပြီး ကျန်တဖက်ကိုတော့ ခလေး နှာခေါင်းဝမှာ တေ့ထားပြီးစုပ်ပေးရမှာပါ။နှာရည်တေွက မိခင်ပါးစပ်ထဲကို မရောက်နိုင်ပါဘူး။ နှာရည်စုပ်ကိရိယာလေးရဲ့ အောက်ခံ ဘူးလေးထဲကို ဝင်သွားပြီး တစ်ခုချင်းစီ ဖြုတ်ပြိး သန့်ရှင်းရေး လုပ်ပေးလို့ရပါတယ်နော်။
နောက်တမျိုးကတော့ နှာရည်စုပ်တဲ့ ဘူးလေးကို လက်နဲ့ ဖျစ်ထားပြီး ခလေးနှာခေါင်းဝမှာ တေ့ပြီးလက်ကို လွှတ်လိုက်တာနဲ့ နှာရည်တေွကို လေနဲ့ စုပ်ပြီး ထုတ်ပေးသွားတာပါ။
မေမေတို့က ဘေဘီလေးတေွနဲ့ အဆင်ပြေမယ့် ပစ္စည်းလေးကို ရေွးချယ် အသုံးပြုလို့ရပါတယ်။
ကျန်းမာထက်မြက်တဲ့ ဘေဘီလေးတေွရဲ့ မေမေများ ဖြစ်နိုင်ကြပါစေနော်။