ငှက်ပျောသီးဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း မှာ ပြဿနာရှိတဲ့သူတေွ အတွက်တော့ အန္တရာယ် ရှိပါတယ်။ငှက်ပျောသီးဆိုရင် ဖီးကြမ်း စားမလား ၊ သီးမေွှးစားမလား ၊ ရေွှနီစားမလား ၊ ရခိုင်စားမလား ။ သူ့အမျိုးအစားနဲ့သူ မေွှးကြိုင်ပြီးတော့ ချိုမြတဲ့ အရသာတစ်ခုကို ရရှိစေနိုင်မှာပါ။နောက်ပြီးတော့ ငှက်ပျောသီးစားခြင်းကနေ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူး တေွကိုလည်း ရရှိစေနိုင်မှာပါ။ ဒါပေမယ့် ငှက်ပျောသီးမှာလည်း ဘေးထွက် ဆိုးကျိုးတေွ (side-effects) ရှိနေပါသေးတယ်။အဲဒီဘေးထွက် ဆိုးကျိုးတေွကို သိထားရင် မိမိနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပြီးတော့ ကောင်းကောင်း အကျိုးရှိရှိ စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။
၁။ ချှဲထစေတယ်
-----------------
ပန်းနာရင်ကျပ်သမားတေွဆိုရင်တော့ ဒီအကြောင်းကို သိကောင်းသိမှာပါ။ ငှက်ပျောသီး ဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိသူတေွအတွက်တော့ အရမ်းအန္တရာယ်ရှိပါတယ်။အဲဒါကတော့ ချှဲထစေနိုင်တာပါပဲ။ နောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတချို့ကိုလည်း ဆောင်ကြဉ်းလာနိုင်ပါသေးတယ်။ဒါအပြင် ငှက်ပျောသီး စားသုံးမှုကြောင့် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေရှိပါတယ်။အဲဒီကမှ တစ်ဆင့် အသက်ရှူရခက်ခဲခြင်း၊ အစာမျိုချရ ခက်ခဲခြင်း၊ ရင်ဝမှာ ချှဲပိတ်ဆို့ခြင်းတေ ွ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အခြေအနေ ဆိုးရွားရင် ချှဲဆို့ပြီး သေတတ်ပါတယ်။
၂။ ဝိတ်တက် စေမယ်
----------------------
အာလူးကြော်တို့၊ ကိုကာကိုလာတို့ထက်စာရင်တော့ ငှက်ပျောသီးတေွက ကယ်လိုရီပါဝင်မှု ပိုနည်းတာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့မှာ ခင်ဗျားကို ဝိတ်တက်စေနိုင်တဲ့ ကယ်လိုရီပမာဏတော့ လုံလောက်စွာ ပါဝင်နေပါတယ်။ငှက်ပျောသီး အရွယ်ခပ်လတ်လတ်တစ်လုံးမှာ ( ၁ဝ၅ ) ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ကယ်လိုရီ ( ၆၂ )၊ ဖရဲသီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ ( ၄၅ )၊ စပျစ်သီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ ( ၆၂ ) တို့နဲ့ နှုိင်းယှဉ်ရင်တော့ တော်တော်များတယ်လို့ ဆိုနိုင်ပါတယ်။ဒါကြောင့် ကယ်လိုရီနည်းတဲ့ မုန့်ပဲသရေစာ တစ်ခုခုကို ရှာနေတယ်ဆိုရင်တော့ ငှက်ပျောသီးက အကောင်းဆုံး ရေွးချယ်မှုတစ်ခု မဟုတ်ပါဘူး။
၃။ ခေါင်းကိုက် စေတယ်
-------------------------------
တကယ်လို့ ခင်ဗျားဟာ မကြာခဏ ခေါင်းကိုက်ခေါင်းမူးတတ်တယ်ဆိုရင်တော့ ငှက်ပျောသီး စားသုံးခြင်းကို အထူးရေှာင်ကြဉ်သင့်ပါတယ်။ ဒိန်ခဲ၊ ငါး၊ အသားနဲ့ ငှက်ပျောသီးထဲမှာ တေွ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ ခေါင်းကိုက်ခြင်း ဝေဒနာတေွကို ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် ငှက်ပျောခွံပေါ်က Tyramine ပမာဏက ငှက်ပျောသီးအသားထက် ( ၁ဝ ) ဆ လောက် ပိုများပါသတဲ့။
၄။ သွားကိုက် သွားနာစေမယ်
---------------------------------
ကစီဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးတေွဟာ သွားကိုက်သွားနာခြင်းနဲ့ သွားအပေါ်ယံကြေွလွှာ ပျက်ဆီးခြင်းတေွကိုလည်း ဖြစ်စေနိုင်ပါတယ်။ဆေးဘက်ဆိုင်ရာ လေ့လာမှုတေွအရတော့ ငှက်ပျောသီးတေွဟာ ချောကလက်၊ ပီကေ၊ အနီရောင်နွယ်ချိုတို့ထက်တောင် ပိုပြီးတော့ ခံတွင်းကျန်းမာရေးကို ကောင်းကောင်း ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစီဓာတ်တေွက ခံတွင်းထဲမှာ နေှးကေွးစွာ ပျော်ဝင်ပြီး သကြားတေွကတော့ မြန်ဆန်စွာ ပျော်ဝင်နိုင်လို့ပါပဲ။ ဒါကြောင့် ငှက်ပျောသီး စားထားရင် ငှက်ပျောသီးဖတ်လေးတေွက သွားတေွှကားမှာ နှစ်နာရီဝန်းကျင် ကပ်နေနိုင်ပြီးတော့ ဘက်တီးရီးယားတေွကို ဖိတ်ခေါ်နေနိုင်ပါတယ်။ အဲဒီကမှ တစ်ဆင့် သွားပိုးပေါက်တေွ ဖြစ်လာနိုင်ပါတယ်။
#Ref( 7 days new - ငှက်ပျောသီးနဲ့ကျန်းမာရေးဆောင်းပါးများမှ)
#ရှမ်းပုတ်(မိုမိုလေး)