
လူတစ်ယောက်ရဲ့ မျက်နှာမှာ အသိသားဆုံးအရာက အပြုံးတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ပြုံးလိုက်တဲ့အခါ သွားလေးတေွ ကျန်းမာလှပနေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် သွားကျန်းမာဖို့အတွက် ဂရုစိုက်ပေးသင့်ပါတယ်။ သင့်သွားကျန်းမာရေးအတွက် ရေှာင်ကျဉ်သင့်တဲ့ အစားအစာများ ရှိပါတယ်။ ထိုအစားအစာတေွကို မိုမိုလေးပရိသတ်ကြီး သိရှိစေဖို့အတွက် အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ နေကြာစေ့
-------------------
နေကြာစေ့က သင့်သွားအတွက် မကောင်းတဲ့အစားအစာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နေကြာစေ့အခွံက သွားကို ထိခိုက်စေနိုင်ပါတယ်။ ဆရာဝန်တေွက အခွံခွာထားတဲ့ နေကြာစေ့ဟာ ပရိုတိန်းပါဝင်တဲ့ အစားအစာအဖြစ် ထောက်ခံပေးကြပါတယ်။

၂။ ပူရှိန်းချိုချဉ်
-----------------
ပူရှိန်းချိုချဉ်တေွက လန်းဆန်းမှုကို ပေးစွမ်းပြီး ခံတွင်းန့ံကို ကောင်းမွန်စေပေမဲ့လည်း သင့်သွားကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ပူရှိန်းချိုချဉ်အမျိုးအစားတစ်ချို့က သကြားနဲ့ပြုလုပ်ထားကြတာဖြစ်ပြီး ဘတ်တီးရီးယားကြီးထွားမှုကိုလည်း တင်ပေးပါတယ်။ ဒါက အမျိုးမျိုးသောသွားကျန်းမာရေးပြဿနာများကို ဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ ပူရှိန်းချိုချဉ်ကို စားချင်ရင်တော့ သကြားမပါတဲ့ချိုချဉ်ကို ရေွးချယ်ကြည့်ပါ။

၃။ သစ်သီးခြောက်
---------------------
သစ်သီးခြောက်တေွက ဗီတာမင်နှင့်အမှျင်ဓာတ် ပြည့်ဝပါတယ်။ ဒါပေမဲ့ သစ်သီးခြောက်တေွက ပိုပြီးစေးကပ်တဲ့အတွက် သင့်သွားမှာ သကြားနှင့် အက်ဆစ်ဓာတ်များ ကျန်ခဲ့နိုင်ပါတယ်။ ဒီသကြားဓာတ်က ဘတ်တီးရီးယားကို ဖြစ်စေနိုင်ပြီး သွားကျန်းမာရေးပြဿနာတေွကိုလည်း ဖြစ်စေနိုင်ပါတယ်။

၄။ ဗီနီဂါ
----------
ဗီနီဂါထည်ပြီး အစားအစာကို စားခြင်းက သွားအပေါ်ယံကြေွသားကို တိုက်စားနိုင်ပါတယ်။ သွားပျက်စီးခြင်းကို လျော့ချဖို့အတွက် တတ်နိုင်သလောက် ဗီနီဂါကို လျော့စားသုံးသင့်ပါတယ်။

၅။ ရေခဲတုံး
----------------
ရေခဲဝါးစားခြင်းက သင့်သွားကျန်းမာရေးအတွက် မကောင်းတဲ့အရာဖြစ်ပါတယ်။ ရေခဲနှင့် သွားအပေါ်ယံကြေွသားနှစ်ခုလုံးက ခရစ်စတယ်နှင့်ပြုလုပ်ထားတဲ့အတွက် ခရစ်စတယ်နှစ်ခုလုံးကို အချင်းချင်းပွတ်တိုက်ခြင်းက နှစ်ခုစလုံးကို ပျက်စီးစေပါတယ်။
#Ref( ဒေါက်တာ မျိုးသက် - သွားကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)