မေမေတို့ရေ ကိုယ်ဝန်ဆောင် ကာလကျန်းမာရေးအတွက် နွားနို့ကို နေ့တိုင်းမှန်မှန်သောက်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း ကြာကြာရပ်တဲ့အခါမျိုးမှာ ကြာကြာထိုင်နေတဲ့အခါမျိုးတေွနဲ့ ပက်လက်အိပ်တဲ့အခါမျိုးတေွမှာ သန္ဓေသားက ခြေထောက်ကလာတဲ့သေွးပြန်ကြောတေွကို ဖိထားတဲ့အတွက် ခြေသလုံးမှာ သေွးလှည့်ပတ်မှုမကောင်းဘဲ သေွးကျတတ်ပါတယ်နော်။
မေမေတိုကရေတစ်ခါတစ်ရံမှာတော့ ခြေထောက်လေးတေွပါရောင်တာမျိုးတေွရှိတတ်ပါတယ်။ သေွးလှည့်ပတ်မှုမကောင်းတာကြောင့် သေွးသန့်တေွမဝင်နိုင်ဘဲ အိုင်နေတတ်ပါတယ်နော်။ အဲ့ဒီလိုအခါမျိုးမှာ မေမေတို့တေွှကွက်တက်တာတေွလည်းဖြစ်ပေးတတ်ပါတယ်နော်။
ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတေွအနေနဲ့ အချိန်ကြာကြာရပ်နေတာ၊ ထိုင်နေတာ၊ ပက်လက်နေတာမျိုးတေွကို မပြုလုပ်ဘဲ လမ်းလေးမကြာခဏလေှျာက်ပေးတာမျိုး သေွးလည်ပတ်မှုကောင်းစေမယ့် ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းပြုလုပ်ပေးတာမျိုးတေွကို ဆောင်ရွက်ပြီး နေ့တိုင်းနွားနို့မှန်မှန်သောက်ပေးဖို့ကိုလည်း လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင် နို့မှုန်တေွလည်း သောက်ပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်သောက်တဲ့နိ့မှုန့်က ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရတေွကိုဖြည့်ပေးနိုင်ပြီး မိခင်ကော ရင်သေွးလေးအတွက်ပါ အထောက်အကူ ပြုနိုင်ပါတယ်။
MiGi